တာချီလိတ်မြို့  မိုင်းဖုန်းတွင် ဆိုင်ကယ်အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီး တစ်ဦး သေဆုံး

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း
တာချီလိတ်မြို့  မိုင်းဖုန်းတွင် ဆိုင်ကယ်အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားပြီး အမျိုးသမီး တစ်ဦး သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်း ဝမ်နားကျေးရွာအနီး လမ်းပေါ်တွင် ဆိုင်ကယ်တစ်စီး အရှိန်လွန် တိမ်းမှောက်ရာမှ အမျိုးသမီး(၁)ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ၂၀၂၃ခုနှစ် ဧပြီလ(၃၀)ရက်နေ့၏ ညနေ(၃)နာရီဝန်းကျင်အချိန်က လင်မယား(၂)ဦး ဆိုင်ကယ် အရှိန်လွန်တိမ်းမှောက်ရာမှ ဆိုင်ကယ်တွင် လိုက်ပါစီးလာသည့်  မအေးမြတ်စိုးမှာ နေရာတွင် သေဆုံးသွားကြောင်း  သိရသည်။

သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ကိုစိုးလင်းနိုင်မှာလည်း ဦးခေါင်းဒဏ်ရာရရှိပြီး စိုးရိမ်ရ၍ တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးထားရကြောင်း သိရသည်။

၎င်းတို့သည် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ ဝမ်ပုံတွင် နေထိုင်ကြသူများဖြစ်ကြောင်း သိရသည်။