တာချီလိတ်တွင် ထိုင်းနိုင်ငံသား အပါအဝင် အမျိုးသား (၂)ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ

မတ် 9, 2020
By Tachileik News Agency

တာချီလိတ်တွင် ထိုင်းနိုင်ငံသား အပါအဝင် အမျိုးသား (၂)ဦးကို မူးယစ်ဆေးများနှင့်အတူ ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦးအပါအဝင် အမျိုးသား (၂) ဦးကို ၂၀၂၀ ခုနှစ်၊ မတ်လ (၉)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်၌ စိတ်ကြွဆေးပြား (၉၉၆)ပြားနှင့် မူးယစ်ဆေးသုံးသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းမိကြောင်း  သိရသည်။

ပါဆတ်ရပ်ကွက်၊ ဟိုနားလမ်းတွင် မူးယစ်ဆေးရောင်းသည်ဟု သတင်းထွက်နေသည့် နေအိမ်တစ်လုံးအား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ အိမ်ရှင်ဖြစ်သူ ဦးစံပင်းနှင့် ထိုင်းနိုင်ငံသား နွတ်ပွန်တို့အား တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်တွင်း ဆက်လက်ရှာဖွေရာ ထိုင်းနိုင်ငံသား၏ အိပ်ခန်းအတွင်းမှ WY စာတမ်းပါ စိတ်ကြွဆေးပြား (၉၉၆) ပြားနှင့် အိမ်ရှင်၏ အိပ်ခန်းတွင်းမှ မူးယစ်ဆေးသုံးသည့် ဆက်စပ်ပစ္စည်းများကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် စံပင်းနှင့် နွတ်ပွန်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~