မူဆယ်မြို့တွင် စရဖရုံး၊ ဆေးရုံနှင့် မြို့နယ်ပညာရေးမှူးရုံးများ အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား

မူဆယ်မြို့တွင် စရဖရုံး၊ ဆေးရုံနှင့် မြို့နယ်ပညာရေးမှူးရုံးများ အနီးတွင် ပေါက်ကွဲမှု ဖြစ်ပွား

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ရှိ စရဖရုံး၊ ဆေးရုံနှင့် မြို့နယ်ပညာရေးမှူးရုံးများအနီးတွင် ယနေ့ ၂၀၂၁ ခုနှစ်၊ မေလ (၂၆) ရက်နေ့ ညနေပိုင်းက ပေါက်ကွဲသံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။



တော်တော်များများကတော့ အသံကြားလိုက်တယ်။ ညနေ(၃)နာရီခွဲဝန်းကျင်လောက်က ပထမတစ်ချက်ကြားပြီး နောက်ပိုင်း (၂)ချက်ထပ်ကြားရတယ်။ ထိခိုက်မှုရှိ မရှိတော့ မသိဘူး။ ဖြစ်တဲ့နားလည်း မသွားရဲဘူး

ဟု မူဆယ်မြို့မှ ဈေးသည်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 



ပေါက်ကွဲသံများကို ညနေ (၃) နာရီခွဲနှင့် (၄) နာရီဝန်းကျင်အကြားတွင် ကြားရခြင်းဖြစ်ကြောင်း သိရပြီး ထိခိုက်ပျက်စီးမှုအခြေအနေ ကိုလည်း အတည်မပြုနိုင်သေးသလို မူဆယ်မြို့အနီးရှိ  ၁၀၅ မိုင် ကားကွင်းထဲမှ XRAY စစ်သောနေရာအနီးတွင်လည်း ပြီးခဲ့သည့် မေလ (၂၂) ရက်နေ့ကလည်း ပေါက်ကွဲမှု (၃) ကြိမ်ဖြစ်ပွားခဲ့ဖူးပြီး မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရပါ။