ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၀ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း (၂၀၀)ကျော်သေဆုံးခဲ့

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၀ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုကြောင့် လူပေါင်း (၂၀၀)ကျော်သေဆုံးခဲ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ၂၀၂၀ ခုနှစ် တစ်နှစ်လုံး၌ ယာဉ်နှင့်ပတ်သက်သည့် မတော်တဆမှု စုစုပေါင်း (၃၆၇) မှု ဖြစ်ပွားခဲ့ပြီး လူ (၂၀၀) ကျော်သေဆုံးခဲ့ကာ ပျက်ဆီးဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း (၂,၄၀၀) ကျော်ရှိခဲ့သည်။

“၂၀၁၉ ခုနှစ်ထက်စာရင်တော့ ယာဉ်မတော်တဆမှုနဲ့ ထိခိုက်၊ ဒဏ်ရာရ၊ သေဆုံးအရေအတွက်က လျော့ကျသွားပါတယ်။ ကိုဗစ်ကြောင့် တားမြစ်ကန့်သတ်တာတွေရှိလို့ အသွားအလာနည်းပြီး မတော်တဆမှုလည်း လျော့ကျသွားတာလို့ ယူဆရပါတယ်”ဟု အမှတ် (၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့မှူး ရဲမှူးမျိုးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၈) ရက်နေ့တွင် ပြောသည်။

၂၀၂၀ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ ယာဉ်မတော်တဆမှုအရေအတွက်မှာ ၂၀၁၉ ခုနှစ်ကထက် အနည်းငယ်လျော့ကျသွားသော်လည်း မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ် အသုံးပြု မောင်းနှင်သူများအနေဖြင့် ယာဉ်/ လမ်း စည်းကမ်းလိုက်နာမှု အားနည်းနေဆဲဖြစ်သည်ဟု ယာဉ်ထိန်းတပ်ဖွဲ့က ပြောကြားသည်။

အမှတ် (၂၀) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း/မြောက်)၏ ကွပ်ကဲမှုအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စုများမှ ပြုစုထားသော စာရင်းဇယားများအရ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၃၁) ရက်နေ့အထိ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်များနှင့်ဆက်စပ်သော မတော်တဆမှု စုစုပေါင်း (၃၆၇) ခု ဖြစ်ပွားခဲ့သည်။

မတော်တဆမှုများမှ ဒဏ်ရာရသူ စုစုပေါင်း (၄၁၁) ဦးနှင့် သေဆုံးသူ (၂၀၅) ဦး ရှိခဲ့ပြီး ယာဉ်မတော်တဆမှုများနှင့် ပတ်သက်၍ အရေးယူခံရသူ (၄၀၅) ဦးရှိခဲ့ကာ ပျက်ဆီးဆုံးရှုံးမှု အနေဖြင့် ကာလတန်ဖိုး ကျပ် (၂၄၅,၄၃၇,၀၀၀) ရှိခဲ့သည်ဟု သိရသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...