ေက်ာက္မဲ အထက (၁)မွ ဆရာ၊ဆရာမမ်ားႏွင့္ အၿငိမ္းစား ဆရာ၊ဆရာမမ်ားျဖင့္ တတိယအႀကိမ္ အာစရိယပူေဇာ္ပြဲ က်င္းပ

ေက်ာက္မဲ အထက (၁)မွ ဆရာ၊ဆရာမမ်ားႏွင့္ အၿငိမ္းစား ဆရာ၊ဆရာမမ်ားျဖင့္ တတိယအႀကိမ္ အာစရိယပူေဇာ္ပြဲ က်င္းပ
ဒီဇင်ဘာ 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕ အမွတ္ (၁) အေျခခံပညာအထက္တန္းေက်ာင္းတြင္ ၁၉၅၃ ခုႏွစ္မွ ၂၀၁၈ ခုႏွစ္အထိ ပညာသင္ၾကားေပးခဲ့သည့္ ဆရာ၊ဆရာမမ်ားႏွင့္ အၿငိမ္းစား ဆရာ၊ဆရာမႀကီးမ်ားအား တတိယအႀကိမ္ေျမာက္ အာစရိယပူေဇာ္ပြဲကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၃) ရက္ေန႔က အဆိုပါေက်ာင္းတြင္ က်င္းပသည္။

ေက်ာက္မဲၿမိဳ႕၊ အမွတ္(၈)ရပ္ကြက္ရွိ အမွတ္( ၁ ) အေျခခံပညာအထက္တန္းေက်ာင္းတြင္ ပညာသင္ၾကားခဲ့ ၾကသည့္ ေက်ာင္းသူ/သား ေဟာင္းမ်ား ဦးေဆာင္က်င္းပသည့္ အာစရိယပူေဇာ္ပြဲကို ၂၀၁၂ ခုႏွစ္က ပထမဦးဆံုး အႀကိမ္၊ ၂၀၁၄ ခုႏွစ္တြင္ ဒုတိယအႀကိမ္ႏွင့္ ၂၀၁၈ ခုႏွစ္၌ တတိယအႀကိမ္အျဖစ္ က်င္းပျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

"တတိယအႀကိမ္ေျမာက္ အာစရိယပူေဇာ္ပြဲ အခမ္းအနားကို ျပဳလုပ္ရတဲ့ အဓိကရည္ရြယ္ခ်က္ကေတာ့ အၿငိမ္းစားယူသြားတဲ့ ဆရာဆရာမႀကီးေတြ၊ လက္ရွိ သင္ၾကားေပးေနဆဲ ဆရာ/ဆရာမေတြကို ေက်ာင္းသူ၊ ေက်ာင္းသားေဟာင္းေတြက ေက်းဇူးဆပ္ကန္ေတာ့ေစခ်င္တာရယ္၊ ဆရာေတြနဲ႔တပည့္ေတြျပန္ၿပီး ဆံုဆည္းေစဖို႔ ရည္ရြယ္ၿပီး ျပဳလုပ္တာျဖစ္ပါတယ္" ဟု အမွတ္(၁) အေျခခံပညာအထက္တန္းေက်ာင္း၏ တတိယအႀကိမ္ေျမာက္ အာစရိယပူေဇာ္ပြဲ ဆရာကန္ေတာ့ပြဲျဖစ္ေျမာက္ေရးေကာ္မတီမွ ကိုစိုင္းေက်ာ္လင္းေအးက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

အမွတ္( ၁ ) အေျခခံပညာ အထက္တန္းေက်ာင္းရွိ သီရိရတနာခန္းမေဆာင္တြင္က်င္းပသည့္ တတိယ အႀကိမ္ေျမာက္ အာစရိယပူေဇာ္ပြဲ ဆရာကန္ေတာ့ပြဲအခမ္းအနားသို႔ ဆရာ/ဆရာမ စုစုေပါင္း (၂၅၆) ဦး တက္ေရာက္ခဲ့ၿပီး အၿငိမ္းစားယူသြားခဲ့သည့္ထဲမွ ကြယ္လြန္ၿပီးျဖစ္သည့္ ဆရာ/ဆရာမ (၄၀) ဦးအတြက္ ရည္ရြယ္၍ ဒီဇင္ဘာလ (၂၃) ရက္ေန႔ နံနက္အေစာပိုင္းက သံဃာေတာ္မ်ားအား ဆြမ္းကပ္လွဴျခင္း အခမ္းအနားကိုလည္း ျပဳလုပ္သည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၁၉၅၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပညာသင်ကြားပေးခဲ့သည့် ဆရာ၊ဆရာမများနှင့် အငြိမ်းစား ဆရာ၊ဆရာမကြီးများအား တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့က အဆိုပါကျောင်းတွင် ကျင်းပသည်။

ကျောက်မဲမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ အမှတ်( ၁ ) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ကြားခဲ့ ကြသည့် ကျောင်းသူ/သား ဟောင်းများ ဦးဆောင်ကျင်းပသည့် အာစရိယပူဇော်ပွဲကို ၂၀၁၂ ခုနှစ်က ပထမဦးဆုံး အကြိမ်၊ ၂၀၁၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၂၀၁၈ ခုနှစ်၌ တတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

"တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားကို ပြုလုပ်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ အငြိမ်းစားယူသွားတဲ့ ဆရာဆရာမကြီးတွေ၊ လက်ရှိ သင်ကြားပေးနေဆဲ ဆရာ/ဆရာမတွေကို ကျောင်းသူ၊ ကျောင်းသားဟောင်းတွေက ကျေးဇူးဆပ်ကန်တော့စေချင်တာရယ်၊ ဆရာတွေနဲ့တပည့်တွပြေန်ပြီး ဆုံဆည်းစေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာဖြစ်ပါတယ်" ဟု အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၏ တတိယအကြိမ်မြောက် အာစရိယပူဇော်ပွဲ ဆရာကန်တော့ပွဲဖြစ်မြောက်ရေးကော်မတီမှ ကိုစိုင်းကျော်လင်းအေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အမှတ်( ၁ ) အခြေခံပညာ အထက်တန်းကျောင်းရှိ သီရိရတနာခန်းမဆောင်တွင်ကျင်းပသည့် တတိယ အကြိမ်မြောက် အာစရိယပူဇော်ပွဲ ဆရာကန်တော့ပွဲအခမ်းအနားသို့ ဆရာ/ဆရာမ စုစုပေါင်း (၂၅၆) ဦး တက်ရောက်ခဲ့ပြီး အငြိမ်းစားယူသွားခဲ့သည့်ထဲမှ ကွယ်လွန်ပြီးဖြစ်သည့် ဆရာ/ဆရာမ (၄၀) ဦးအတွက် ရည်ရွယ်၍ ဒီဇင်ဘာလ (၂၃) ရက်နေ့ နံနက်အစောပိုင်းက သံဃာတော်များအား ဆွမ်းကပ်လှူခြင်း အခမ်းအနားကိုလည်း ပြုလုပ်သည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~