သီပေါမြို့မဈေးရှိ ရွှေဆိုင်တွင် လူတစ်စုမှ သေနတ်ဖြင့်ထောက်ကာ ရွှေများလုယက်သွား

သီပေါမြို့မဈေးရှိ ရွှေဆိုင်တွင် လူတစ်စုမှ သေနတ်ဖြင့်ထောက်ကာ ရွှေများလုယက်သွား

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့မဈေး၏ မြောက်ဘက်ရှိ ရီရှင်းရွှေဆိုင်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့ နံနက်ပိုင်းက လူတစ်စုမှာ လာရောက်ပြီး သေနတ်ဖြင့်ထောက်ကာ ရွှေများ လုယက်သွားကြောင်း သိရသည်။ 



အဆိုပါရွှေဆိုင်သို့ နံနက် (၁၀) နာရီ မိနစ် (၄၀) ဝန်းကျင်က လူ(၃)ဦးရောက်လာကာ သေနတ်ဖြင့်ထောက်ပြီး ရွှေများလုယူသွားခြင်းဖြစ်ပြီး  လုယက်သူများထံ ရွှေ(၁) ပိဿဝန်းကျင်ပါသွားပြီး လုယက်သူများ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

လုယက်သူများသည် ဆိုင်ကယ် (၁)စီးဖြင့် လူ(၃)ယောက် ရောက်လာခြင်းဖြစ်ပြီး တစ်ဦးမှာ ရွှေများယူသွားသူက ဆိုင်ကယ်ဖြင့် ထွက်ပြေးကာ ကျန်(၂)ဦးက ခြေလျင်ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency