တာချီလိတ်မြို့တွင် လူငယ်တစ်ဦးကို နေအိမ်၌ စစ်တပ်နှင့်ရဲက လာရောက်ဖမ်းဆီး 

တာချီလိတ်မြို့တွင် လူငယ်တစ်ဦးကို နေအိမ်၌ စစ်တပ်နှင့်ရဲက လာရောက်ဖမ်းဆီး 
မေ 26, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ အားခေရွာအတွင်း၊ စာသင်ကျောင်းအနီးတွင် နေထိုင်သူ လူငယ်တစ်ဦးကို အာဏာသိမ်းစစ်တပ်၏ အဖွဲ့များက ကား(၃)စီးဖြင့် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

အိမ်စီးကား (၃)စီးနဲ့ လာဖမ်းသွားတာ။ မေးစရာရှိလို့ ခဏခေါ်သွားမယ်ပြောပြီး ခေါ်သွားတာလို့ ကြားရတယ်။ ရပ်ကွက်ဥက္ကဌ၊ စရဖ နဲ့ ရဲ အကုန်ပါတယ်။ သူ အိမ်မှာပြန်လာနေတာ မကြာသေးဘူး။ ဒလန်က တိုင်တာလားတော့မသိဘူး။

ဟု အားခေရွာတွင် နေထိုင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယနေ့ ၂၀၂၁ခုနှစ် မေလ(၂၆)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သော်လည်း မည်သည့်ကိစ္စကြောင့် ဖမ်းဆီးခြင်းကိုတော့ မသိရပေ။

တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်သည်ဟု သံသယရှိသည့် လူငယ်များကို အဓိကထားပြီး မြို့နယ်ရဲတပ်ဖွဲ့နှင့်စရတ(စရဖ)တို့က စောင့်ကြည့် ဖမ်းဆီးမှုများလုပ်ဆောင်နေကြောင်း သိရသည်။