တာချီလိတ်မြို့ ဆေးရုံဟောင်းရှေ့ နှင့် ကျောင်းရှေ့တွင် တပ်နှင့်ရဲ စောင့်ကြပ်နေ

တာချီလိတ်မြို့ ဆေးရုံဟောင်းရှေ့ နှင့် ကျောင်းရှေ့တွင် တပ်နှင့်ရဲ စောင့်ကြပ်နေ
မေ 23, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးရှိ ဆေးရုံဟောင်းရှေ့ နှင့် အခြေခံညာအထက်တန်းကျောင်း(တာချီလိတ်)ထောင့်တွင် အာဏာသိမ်းစစ်တပ်၏ တပ်ဖွဲ့နှင့်ရဲ ပူးပေါင်းပြီး ယနေ့ မေလ(၂၃)ရက်နေ့ ည(၉)နာရီမခွဲမီက စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မေလ(၂၄)ရက်နေ့တွင် ကျောင်းအပ်နှံခြင်းကို စတင်မည်ဖြစ်၍ ကျောင်းများတွင် ဖောက်ခွဲမှုများ လုပ်ရောက်မပြုလုပ်နိုင်ရန် အထက(တာချီလိတ်)ကျောင်းရှေ့တွင် ဦးစားပေး   စောင့်ကြပ်မှုများ လုပ်ဆောင်နေသလို အခြားကျောင်းများတွင်လည်း စောင့်ကြပ်နေကြောင်း သိရသည်။

လက်ရှိတွင် ဆေးရုံဟောင်းရှေ့တွင် Vigo ကား (၂)စီး၊ ဆိုင်ကယ်ဖြင့် (၂)စီး၊ ရဲအင်အား(၁၀)ဦးဝန်းကျင်က လမ်းပေါ်အပြင် ဆေးရုံဟောင်းအတွင်း ဝင်ကာ အမှောင်ထဲကလည်း စောင့်ကြည့်နေပြီး ရီဂျီနားဂေါက်ကွင်းအဆင်း၊ ရွှေတိဂုံဘုရားအဆင်းလမ်း နှင့် မြို့တွင်းလမ်းများတွင် နံနက်(၄)နာရီအထိ ကင်းလှည့်မည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ညပိုင်း၌ ဒေသအုပ်ချုပ်ရေးအာဏာပိုင်များက  KTV နှင့် Club၊ Bar များ ဖွင့်ခွင့်ပေးထားပြီး  ည(၈)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ အမိန့်လည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency