ကရင်နီ(ကယား)ပြည်နယ်အတွင်း ရောက်ရှိနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများ လက်နက်နှင့်ကျည် ယူလာပြီး ခိုလှုံရန် ကရင်နီပြည်သူ့ရင်ခွင်က ကြိုဆို

ကရင်နီ(ကယား)ပြည်နယ်အတွင်း ရောက်ရှိနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများ လက်နက်နှင့်ကျည် ယူလာပြီး ခိုလှုံရန် ကရင်နီပြည်သူ့ရင်ခွင်က ကြိုဆို
ဖေဖော်ဝါရီ 8, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်အတွင်း ရောက်ရှိနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများကို လက်နက်နှင့်ကျည် ယူလာပြီး ခိုလှုံရန် ကရင်နီပြည်သူ့ရင်ခွင်က ကြိုဆို

* * * * *

ကရင်နီ(ကယား)ပြည်နယ်အတွင်း ရောက်ရှိနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်သားများအနေဖြင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လက်အောက်ကနေ ရုန်းထွက်ပြီး သေနတ်နှင့်ကျည် ယူဆောင်လာကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံနိုင်ရန်အတွက် ကရင်နီပြည်သူ့ရင်ခွင် အဖွဲ့က ကြိုဆိုထားရှိသည်။

အရင်ဆုံး Page ကနေ ဆက်သွယ်ရမှာပါ။ ကျွန်တော်တို့ကတော့ သေချာတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက် သူတို့ဖက်က စိတ်ပူစရာမရှိပါဘူး။ သူတို့ရဲ့ စစ်သားဖြစ်ရင် ဖြစ်တဲ့ ပုံအချို့ ကိုယ်ရေးအကျဉ်းအချို့နဲ့ တကယ် ကျွန်တော်တို့ဖက် ကူးလာချင်သူ ဟုတ် မဟုတ်ကို ကျွန်တော်တို့ အချိန်လေးတစ်ခုယူပြီး စုံစမ်းမှာဖြစ်ပါတယ်။ သေချာပြီဆိုရင် ခေါ်ထုတ်ပေးမှာဖြစ်ပါတယ်။ လက်နက်နဲ့ကျည် ပါမှပေါ့နော်။ လူ့အခွင့်အရေးနဲ့အညီ  စောင့်ရှောက်ထားပေးမှာ ဖြစ်ပါတယ်။

ဟု ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် ပြောသည်။

 

ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုသည့် စစ်သားများအနေဖြင့် သေနတ်နှင့်ကျည်များ ပါလာပါက ကျပ်သိန်း(၂၀) အကျိုးခံစားရမည့် အပြင် လုံခြုံရေး၊ စားဝတ်နေရေး နှင့် လစဉ်ထောက်ပံ့ကြေးအချို့ ရရှိမည်ဖြစ်သော်လည်း သေနတ် နှင့် ကျည် မပါလာပါက ကျပ်သိန်း(၂၀)နှင့် အကျိုးခံစားခွင့်တချို့ ရရှိမည် မဟုတ်ကြောင်း အသိပေးထားသည်။

သေချာ ဆက်သွယ်ပါ၊ မိသားစုတွေက တဆင့်၊ မိတ်ဆွေတွေက တဆင့် ကိုယ့်သား ကိုယ့်မောင် ကိုယ့်အဖေ ကိုယ့်အကိုတွေပါနေရင် သေချာလေးပြောပေးပါ 

ကျွန်တော်တို့ကို မက်ဆင်ဂျာကနေ ဆက်သွယ်လာခဲ့ပါ။ ပြီးမှ ပိုမိုလုံခြုံတဲ့ အဆက်အသွယ်ထပ်လုပ်ပါမယ် တကယ့် ပြည်သူ့စစ်သားအဖြစ် ရပ်တည်ကြပါ ကြိုဆိုပါတယ်

ဟု ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့က ဆိုသည်။

ကရင်နီပြည်သူ့ရင်ခွင်သို့ လက်နက်နှင့်ကျည် ယူဆောင်လာပြီး ခိုလှုံလိုသူများအနေဖြင့် ကရင်နီပြည်သူ့ရင်ခွင် ၏ Facebook Messenger ကနေ သေချာ ဆက်သွယ်လာရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးထားရှိသည်။