လွိုင်ကော်မြို့ ဘီလူးချောင်းအတွင်း ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

လွိုင်ကော်မြို့ ဘီလူးချောင်းအတွင်း ရေနစ်သေဆုံးနေသည့် အမျိုးသားအလောင်း တွေ့ရှိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက် ကျောက်ပြားတံတားအနီးတွင် ရေနစ်သေဆုံးလျှက် မျှောပါလာသော အမျိုးသားတစ်ဦးအလောင်းအား ယနေ့ ဧပြီလ (၂၉)ရက်နေ့ နံနက် (၁၀)နာရီကျော်အချိန်ခန့်တွင် တွေ့ရှိခဲ့ရကြောင်းသိရသည်။ 

" ကျောက်ပြားတံတားနားမှာတွေ့တာဗျ။ အလောင်းက ရေနစ်သေထားတဲ့ပုံပါပဲ ။ ငါးမျှားရင်းဘာညာ လားတော့မသိဘူးပေါ့လေ။ အပေါ်ဖက် မှုံပြာဖက်က မျှောလာတာထင်တယ်။ " အဆိုပါနေရာအနီး ရောက်ရှိနေသည့် ဒေသခံတစ်ဦးက ပြောသည်။ 

လက်ရှိတွင် အဆိုပါအမျိုးသားမှာ မည်သူမည်ဝါဆိုသည်ကို သိရှိခြင်းမရှိသေးဘဲ အနီးနားရှိ ရပ်ကွက်လူထုများမှ အလောင်းအား ဆယ်ယူထားကြောင်း ကနဦးသိရသည်။