နမ္မတူမြို့နယ်အတွင်း မီးလောင်ဆုံးရှုံးခဲ့ရသည့် နေအိမ်(၁၁၇)အိမ်အတွက် SSPP က ကျပ်သိန်းပေါင်း (၆၃၀) ထောက်ပံ့ ကူညီ

နမ္မတူမြို့နယ်အတွင်း မီးလောင်ဆုံးရှုံးခဲ့ရသည့် နေအိမ်(၁၁၇)အိမ်အတွက် SSPP က ကျပ်သိန်းပေါင်း (၆၃၀) ထောက်ပံ့ ကူညီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်အတွင်း၌  SSPP က လူထုတွေ့ဆုံပွဲပြုလုပ်ပြီး ကျေးရွာများမှ မီးလောင်ဆုံးရှုံးခဲ့ရသည့် နေအိမ်(၁၀၀)ကျော်အတွက် ကူညီငွေ ကျပ်သိန်းပေါင်း (၆၃၀) ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

နမ္မတူမြို့နယ်အတွင်း ကျေးရွာတစ်ရွာတွင် ၂၀၂၁ခုနှစ် မေလ(၁၈)ရက်နေ့၌ တွေ့ဆုံပွဲ ပြုလုပ်ပြီး နမ္မတူမြို့နယ်အတွင်းထဲက  မန်လီ၊ မန်ကျန်း၊ ပန်လုံ၊ မန်ဆာနှင့် ရေအိုးကျေးရွာ စုစုပေါင်း ကျေးရွာ(၅)ရွာတွင် မီးလောင်ဆုံးရှုံးခဲ့ရသည့် နေအိမ်ပေါင်း (၁၁၇)အိမ်အတွက် ကူညီငွေ ကျပ်သိန်းပေါင်း (၆၃၀) ထောက်ပံ့ပေးအပ်ခြင်း ဖြစ်သည်။

နမ္မတူမြို့နယ်အတွင်း ကျေးရွာများတွင်  ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်  တအာင်း/ပလောင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ပူးပေါင်းတပ် နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA)တို့အကြား ယနေ့အထိ စစ်ရေးတင်းမာနေပြီး ကျေးရွာများမှ လူ (၂)ထောင်ကျော်လည်း နေရပ်စွန့်ခွာကာ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

Source: Shwe Phee Myay News Agency