လားရႈိးၿမိဳ႕တြင္ ဒုတိယအႀကိမ္ စုေပါင္း အမႈိက္ေကာက္

လားရႈိးၿမိဳ႕တြင္ ဒုတိယအႀကိမ္ စုေပါင္း အမႈိက္ေကာက္
ဧပြီ 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ ဌာနဆိုင္ရာႏွင့္ အရပ္ဖက္အဖြဲ႕အစည္းပူးေပါင္း အမိႈက္ေကာက္သည့္ အစီအစဥ္ကို ၂၀၁၉ ခုနွစ္၊ ဧၿပီလ (၂၀)ရက္ေန႔က ဒုတိယအႀကိမ္အျဖစ္ေဆာင္ရြက္သည္။

"ၿမိဳ႕အတြင္းမွာရွိတဲ့ အမႈိက္ေတြကို တကယ္ရွင္းလင္းသြားေစခ်င္တာလည္း ပါတယ္။ ၿပီးေတာ့ အခုလိုေျမျပင္မွာ တစ္ပတ္ကို တစ္ရက္ အဲဒီလို စုေပါင္းအမႈိက္ေကာက္ျခင္းအားျဖင့္ ပိတ္ေနတဲ့ေရေျမာင္းေတြ၊ ပ်က္ဆီးေနတဲ့ ေရေျမာင္း၊ ပလက္ေဖာင္း စတာေတြကို ေတြ႔တဲ့အခါ ေနာက္ရက္ေတြမွာ ခ်က္ခ်င္းျပဳျပင္သြားႏိုင္တယ္။ ဧၿပီလ ကေနစၿပီး အပတ္စဥ္ စေနေန႔တိုင္း အခုလိုဌာနဆိုင္ရာနဲ႔ လူမႈေရးအဖြဲ႔ေတြ အမိႈက္ေကာက္တာကို ျပည္သူေတြက ျမင္ပါမ်ားသြားရင္ အမႈိက္ကို လက္လြတ္စပယ္ပစ္တဲ့သူေတြ ေလ်ာ့ပါးသြားေစႏိုင္ဖို႔ ရည္ရြယ္ပါတယ္" ဟု လားရိႈးၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးအာကာလင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

စုစုေပါင္းလူဦးေရ (၂၅၀)၀န္းက်င္ ပါဝင္သည့္အဖြဲ႕က ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာနရံုးေရွ႕မွ သိန္းနီလမ္းမႀကီးအတိုင္း မန္ဆူဘုရားအထိ လမ္းတစ္ေလွ်ာက္ရိွ ေရေျမာင္းမ်ား၊ ပလက္ေဖါင္းမ်ား၌ သန္႔ရွင္းေရးျပဳလုပ္ျခင္းျဖစ္ေၾကာင္း သိရသည္။

အမိႈက္ေကာက္ရာလမ္းတစ္ေလွ်ာက္တြင္ စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္ျခင္းမျပဳရန္ အသိပညာေပး ဗီႏိုင္းမ်ားကိုင္ေဆာင္၍ လူထုလံႈ႕ေဆာ္မႈ ျပဳလုပ္ခဲ့ၿပီး စည္ပင္သာယာေရးဌာနက အမႈိက္ကားမ်ားျဖင့္ လုိက္လံသိမ္းဆည္းေၾကာင္း သိရသည္။

ပထမဆံုးအႀကိမ္ စုေပါင္းအမိႈက္ေကာက္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၆) ရက္ေန႔က စတင္ခဲ့ျခင္းျဖစ္သည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့အစည်းပူးပေါင်း အမှိုက်ကောက်သည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့က ဒုတိယအကြိမ်အဖြစ်ဆောင်ရွက်သည်။

"မြို့အတွင်းမှာရှိတဲ့ အမှိုက်တွေကို တကယ်ရှင်းလင်းသွားစေချင်တာလည်း ပါတယ်။ ပြီးတော့ အခုလိုမြပြေင်မှာ တစ်ပတ်ကို တစ်ရက် အဲဒီလို စုပေါင်းအမှိုက်ကောက်ခြင်းအားဖြင့် ပိတ်နေတဲ့ရေမြောင်းတွေ၊ ပျက်ဆီးနေတဲ့ ရေမြောင်း၊ ပလက်ဖောင်း စတာတွေကို တွေ့တဲ့အခါ နောက်ရက်တွေမှာ ချက်ချင်းပြုပြင်သွားနိုင်တယ်။ ဧပြီလ ကနေစပြီး အပတ်စဉ် စနေနေ့တိုင်း အခုလိုဌာနဆိုင်ရာနဲ့ လူမှုရေးအဖွဲ့တွေ အမှိုက်ကောက်တာကို ပြည်သူတွေက မြင်ပါများသွားရင် အမှိုက်ကို လက်လွတ်စပယ်ပစ်တဲ့သူတွေ လျော့ပါးသွားစေနိုင်ဖို့ ရည်ရွယ်ပါတယ်" ဟု လားရှိုးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

စုစုပေါင်းလူဦးရေ (၂၅၀)ဝန်းကျင် ပါဝင်သည့်အဖွဲ့က မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနရုံးရှေ့မှ သိန်းနီလမ်းမကြီးအတိုင်း မန်ဆူဘုရားအထိ လမ်းတစ်လျှောက်ရှိ ရေမြောင်းများ၊ ပလက်ဖောင်းများ၌ သန့်ရှင်းရေးပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

အမှိုက်ကောက်ရာလမ်းတစ်လျှောက်တွင် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမပြုရန် အသိပညာပေး ဗီနိုင်းများကိုင်ဆောင်၍ လူထုလှုံ့ဆော်မှု ပြုလုပ်ခဲ့ပြီး စည်ပင်သာယာရေးဌာနက အမှိုက်ကားများဖြင့် လိုက်လံသိမ်းဆည်းကြောင်း သိရသည်။

ပထမဆုံးအကြိမ် စုပေါင်းအမှိုက်ကောက်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net