အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် ဗန်းမော်သာသနာ ဘုန်းတော်ကြီး Fr. Columban Lar Di ပြန်လည်လွတ်မြောက်

ဗန်းမော်သာသနာမှ ကတ်သလစ် ဘုန်းတော်ကြီး Fr. Columban Lar Di
ဗန်းမော်သာသနာမှ ကတ်သလစ် ဘုန်းတော်ကြီး Fr. Columban Lar Di
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားသည့် ဗန်းမော်သာသနာ ဘုန်းတော်ကြီး Fr. Columban Lar Di ပြန်လည်လွတ်မြောက်
By Tachileik News Agency

ကချင်ပြည်နယ်၊ ဗန်းမော်သာသနာမှ ကတ်သလစ် ဘုန်းတော်ကြီး Fr. Columban Lar Di မှာ အာဏာသိမ်းစစ်ကောင်စီ၏တပ်များက ဖမ်းဆီးခံရပြီး (၅) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ် မေလ (၁၇) ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

ဘုန်းတော်ကြီး Fr.Columban La Di ကို CDM Support လုပ်သည်ဟု ဆိုကာ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့က ၂၀၂၁ ခုနှစ် မေလ (၁၃) ရက်နေ့ ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ဘုန်းတော်ကြီးအား ဗန်းမော်မြို့ပြင် ဂိတ်တစ်ခုတွင် စစ်ဆေးပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။