အာဏာသိမ်းကောင်စီ၏ စစ်တပ်တွင် စစ်ဘက်ဆိုင်ရာကျင့်ဝတ်မရှိဟု  CNF က ရှုတ်ချ

အာဏာသိမ်းကောင်စီ၏ စစ်တပ်တွင် စစ်ဘက်ဆိုင်ရာကျင့်ဝတ်မရှိဟု  CNF က ရှုတ်ချ

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှ တူမီးကိုင်ဒေသခံပြည်သူများအား တိုက်ပွဲကြီးသဖွယ် အင်အားအလွန်အကျွံအသုံးပြုခြင်းအပြင် အရပ်သားများကို လူသားဒိုင်းအဖြစ်ပါ အသုံးပြု၍ အကြမ်းဖက်တိုက်ခိုက်သည့် အာဏာသိမ်းကောင်စီ၏ စစ်တပ်မှာ စစ်ဘက်ဆိုင်ရာကျင့်ဝတ်မရှိဘဲ အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ချင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF) က အပြင်းအထန် ရှုတ်ချကန့်ကွက်လိုက်သည်။ 

ဆန္ဒဖေါ်ထုတ်၍ ဧပြီလ (၂၃) ရက်နေ့က ဖမ်းခံရသည့် မင်းတပ် ပြည်သူများအား ပြန်လွှတ်ပေးရန် တောင်းဆိုရာမှ အာဏာသိမ်းကောင်စီ၏ စစ်တပ်နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ကြား ဧပြီ (၂၄) ရက်၊ (၂၆) ရက်နှင့် (၂၇)ရက်နေ့များတွင်လည်းကောင်း၊ မေလ (၁၂) ရက်နေ့မှ မေလ (၁၅) ရက်နေ့အထိလည်းကောင်း အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။