မူးယစ်ဆေးဝါး နှိမ်နှင်းရေးအတွက် အမေရိကန်က ဓာတုပစ္စည်း ရှာဖွေဖော်ထုတ်ရေး ကိရိယာသစ်ပေးအပ်

မူးယစ်ဆေးဝါး နှိမ်နှင်းရေးအတွက် အမေရိကန်က ဓာတုပစ္စည်း ရှာဖွေဖော်ထုတ်ရေး ကိရိယာသစ်ပေးအပ်
ဒီဇင်ဘာ 13, 2019
By Tachileik News Agency
မူးယစ်ဆေးဝါး နှိမ်နှင်းရေးအတွက် အမေရိကန်က ဓာတုပစ္စည်း ရှာဖွေဖော်ထုတ်ရေး 
ကိရိယာသစ် ပေးအပ်


မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုပစ္စည်းများ ရှာဖွေဖေါ်ထုတ်ရေး ကိရိယာသစ်ကို အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ထံ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၃)ရက်နေ့၌ ပေးအပ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုကပေးအပ်သည့် ဓာတုပစ္စည်းရှာဖွေဖော်ထုတ်ရေး ကိရိယာအသစ်ကို အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်ရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထံသို့ ရန်ကုန်မြို့၌ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုကြောင့် ဒေသတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ ပြည်သူများ ထိခိုက်ခံစားနေရသဖြင့် နေရာအနှံ့အပြားသို့ ပျံ့နှံ့ဝင်ရောက်နေသော မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများနှင့် တရားမဝင်မူးယစ်ဆေးများ ဝင်ရောက်နေမှုကို တိုက်ဖျက်နိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနှင့် ပူးတွဲကူညီပေးရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သံရုံးကထုတ်ပြန်သည့်သတင်းတွင် ဖေါ်ပြထားသည်။

Tachileik News Agency
ဓါတ်ပုံ - U.S. Embassy Rangoon

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~