ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ ပစ်ခတ်ဖြိုခွဲမှုများကို ရှောင်တိမ်းပြီး ကျောက်မဲလူထုသပိတ်ကို ဆက်လက် လုပ်ဆောင်

ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ ပစ်ခတ်ဖြိုခွဲမှုများကို ရှောင်တိမ်းပြီး ကျောက်မဲလူထုသပိတ်ကို ဆက်လက် လုပ်ဆောင်

ကျောက်မဲမြို့တွင် အာဏာသိမ်းအဖွဲ့၏ ပစ်ခတ်ဖြိုခွဲမှုများကို ရှောင်တိမ်းပြီး ကျောက်မဲလူထုသပိတ်ကို ဆက်လက် လုပ်ဆောင်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ကို အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့က ပစ်ခတ်ဖြိုခွဲသော်လည်း လူစုခွဲရှောင်တိမ်းပြီး နေရာပြောင်းကာ သပိတ်ကိုဆက်လက်လုပ်ဆောင်ကြောင်း သိရသည်။

“ဒီအတိုင်းပဲ ချီတက်နေတာပဲရှိသေးတယ်။ လမ်းဆုံကနေပိတ်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ ပစ်တော့တာပဲ။ အသံဗုံးလည်း ပါတယ်။ ကျွန်မသူငယ်ချင်းတစ်ယောက်ကို ရာဘာကျည်လာမှန်လို့ ဒဏ်ရာလည်းရခဲ့သေးတယ်။ သူတို့ဖြိုခွဲတဲ့နေရာကနေ အကုန်လူစုခွဲပြီး ရှောင်ခဲ့ရတာ။ ဖမ်းမိခံသွားရတာတော့မရှိဘူး” ဟုကျောက်မဲမှ ဆနထုတ်ဖေါ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

 

အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့်ရဲအဖွဲ့က နံနက်အစောပိုင်းကတည်းက အောင်ဆန်းလမ်းနှင့် စိတသုခလမ်းဆုံနေရာ အပါ အဝင် လမ်းဆုံလမ်းခွများတွင်  ကြိုတင်စောင့်ဆိုင်းခဲ့ကာ ဆန္ဒထုတ်ဖေါ်သူများအား လိုက်လံဖြိုခွင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖြိုခွင်းမှုပြုလုပ်နေစဉ် ဖုန်းကင်မရာများဖြင့် မှတ်တမ်းတင်ခြင်း မပြုလုပ်နိုင်ရန်အတွက်လည်း အနီးအနားရှိ ဖုန်းကိုင်ဆောင်ထားသူများကိုပါ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲအဖွဲ့က လိုက်လံစစ်ဆေးခဲ့ကြသည်ဟု သိရသည်။

လူစုဖြိုခွဲခံရပြီးနောက် လမ်းလျှောက်ဆန္ဒပြသူများက အခြားနေရာတစ်ခု၌ ထပ်မံလူစုကာ ဆက်လက်ဆန္ဒပြ ကြွေးကြော်ခဲ့ကြပြီး နံနက် (၁၀) နာရီခွဲဝန်းကျင်တွင် ငြိမ်းချမ်းစွာလူစုခွဲပြီး ပြန်ခဲ့ကြသည်ဟု သိရသည်။



#TachileikNewsAgency

Photo: CJ