ကျောက်မဲမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်း(၇)လုံး နှင့် ငွေဖြည့်ကတ်များ ခိုးခံရ

ကျောက်မဲမြို့ရှိ ဖုန်းဆိုင်တစ်ဆိုင်တွင် ဖုန်း(၇)လုံး နှင့် ငွေဖြည့်ကတ်များ ခိုးခံရ
 
ရှမ်းပြည်နယ် ( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ညပိုင်းက ဖုန်းဆိုင်တစ်ဆိုင် ဖေါက်ထွင်းခံရပြီး  Vivo ဖုန်း (၇) လုံးနှင့် ငွေဖြည့်ခဲခြစ်ကဒ်များ ခိုးယူခံရကြောင်း သိရသည်။
 
 
 
ပင်လုံလမ်းနှင့် ရွှေဖီဦးလမ်းထောင့်ရှိ TECHNO  Mobile Sale & Services  ဖုန်းဆိုင်သို့ အမျိုးသား (၂)ဦး ရောက်လာပြီး ဖုန်းဆိုင်၏ အပြင်ဘက်ရှိ CCTV လုံခြုံရေး ကင်မရာတစ်ခုကို Mask ဖြင့်အုပ်ကာ သံဘာဂျာတံခါးသော့ကိုဖွင့်၍ ဆိုင်အတွင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ဆိုင်အတွင်းရှိ CCTV မှတ်တမ်းတွင် ဝင်ရောက်ခိုးယူသူ၏ လှုပ်ရှားမှုများကို ထင်ရှားစွာမြင်တွေ့ရပြီး ဖေါက်ထွင်းခံရသောဆိုင်၏ အကြောင်းကြားမှုဖြင့် မြို့မရဲတပ်ဖွဲ့က ရောက်ရှိကာ စစ်ဆေးမှုများ လုပ်ဆောင်နေသည်။
 
 
ကျောက်မဲတွင် ယခုရက်ပိုင်းအတွင်း စာသင်ကျောင်းဝန်းများအတွင်းရှိ နံ့သာဖြူပင်များ ခုတ်၍ ခိုးယူခံရခြင်း၊ အစောင့်မရှိသော ရုံးများ၊ နေအိမ်များရှိ ရေမော်တာ အစရှိသော ဖြုတ်ယူလွယ်သည့် ပစ္စည်းများ ခိုးယူခံရခြင်းတို့ ဆက်တိုက် ဖြစ်ပွားနေသည်ဟု သိရသည်။
 
Tachileik News Agency
သတင်း - နေဖြိုးမြင့်

 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 

~~~~~~~   ကြော်ငြာ   ~~~~~~

 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...