လာအို၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ပြန်လာသူ (၇) ဦးတွင် COVID 19 ပိုးတွေ့

လာအို၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ပြန်လာသူ (၇) ဦးတွင် COVID 19 ပိုးတွေ့
ဇူလိုင် 4, 2020
By Tachileik News Agency

လာအို၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ပြန်လာသူ (၇) ဦးတွင် COVID 19 ပိုးတွေ့

လာအို၊ ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ ပြန်လာသူ (၇) ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် မြန်မာနိုင်ငံတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့ ညပိုင်းအထိ အတည်ပြုလူနာ (၃၁၃)ဦးရှိနေပြီဖြစ်သည်။

နိုင်ငံအသီးသီးမှ ပြည်တော်ပြန်များကို နေရပ်ဒေသအသီးသီး၌ အသွားအလာကန့်သတ်နေထိုင်စေပြီး ဓာတ်ခွဲစစ်ဆေးနေရာ အတည်ပြုလူနာ (၇)ဦးမှာ ရန်ကုန်ရှိ မြို့နယ်အသီးသီး၌ အသွားအလာကန့်သတ်ထားသူများ ဖြစ်ကြသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၆၅၅)ခု၊  ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၂၁) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၂၇၀) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) (PHL, Mawlamyine) မှ ဓာတ်ခွဲနမူနာ (၂၂၆) ခု နှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၂၂၇) ခု စုစုပေါင်း (၁,၅၉၉)ခု အား ဇူလိုင်လ (၄)ရက်နေ့ ညနေပိုင်း၌ စစ်ဆေးပြီးစီးရာ အတည်ပြုလူနာ (၇)ဦး တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~