ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် တာချီလိတ်တွင် ညပိုင်း မိနစ် (၂၀)အတွင်း ပေါက်ကွဲသံ (၅)ချက် ကြားရ

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် တာချီလိတ်တွင် ညပိုင်း မိနစ် (၂၀)အတွင်း ပေါက်ကွဲသံ (၅)ချက် ကြားရ

ညမထွက်ရထုတ်ပြန်ထားသည့် တာချီလိတ်မြို့တွင်   ပေါက်ကွဲသံ (၂)ချက်ကို ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ဈေးအနီးဝန်းကျင်တွင် ယနေ့ ၂၀၂၁ခုနှစ် မေလ(၉)ရက်နေ့အကူး (၀၀း၂၉)နာရီဝန်းကျင်အချိန်က ကြားရပြီးနောက် (၀၀း၄၅)နာရီဝန်းကျင်အချိန်တွင် ပေါက်ကွဲသံ(၃)ချက် ထပ်မံကြားရသော်လည်း မည်သည့်နေရာတွင် ပေါက်ကွဲသည်ကို မသိရဘဲ အသံသာကြားနေရသည်ဟု သိရသည်။

ပေါက်ကွဲသည့်နေရာကို အတိအကျ မသိရသေးသော်လည်း ဒုတိယအကြိမ် ပေါက်ကွဲသည့်အချိန်တွင် မြို့နယ်အကောက်ခွန်ရုံးအနီးရှိ နေအိမ်အချို့တွင် နေအိမ်တုန်ခါသည်အထိ သိသာစေခဲ့ကြောင်း သိရသည်။

ပေါက်ကွဲမှုကြောင့် (၀၀း၅၅)နာရီ ဝန်းကျင်အချိန်က စစ်သားနှင့်ရဲများ မြို့မဈေးဘက်သို့ ဝင်သွားကြပြီးနောက် ခဏအကြာတွင် ပြန်လည်ထွက်လာကြကြောင်း နှင့် ယနေ့ ပေါက်ကွဲမှု (၅)ချက်ထွက်ပေါ်သည့်ကိစ္စနှင့်ပတ်သက်၍ အသံသာကြားရပြီး နေရာကို ရှာမတွေ့သေးကြောင်းလည်း သိရသည်။

မေလ(၈)ရက်နေ့ နံနက်ပိုင်းကလည်း ဆေးရုံကြီးအတွင်းရှိ ဝန်ထမ်းအိမ်ရာတွင် ဗုံး(၂)လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။