“ဝ”အထူးဒေသ-၂ တွင် “ဝ”တပ်ဖွဲ့ဝင်နှင့်မိသားစုဝင် (၇၀)ဦး သင်ယူခဲ့သည့် အာဏာသိမ်းစစ်တပ်၏ ဆေးဘက်ဆိုင်ရာ သင်တန်းဆင်းပွဲ

“ဝ”အထူးဒေသ-၂ တွင် “ဝ”တပ်ဖွဲ့ဝင်နှင့်မိသားစုဝင် (၇၀)ဦး သင်ယူခဲ့သည့် အာဏာသိမ်းစစ်တပ်၏ ဆေးဘက်ဆိုင်ရာ သင်တန်းဆင်းပွဲ
ဇွန် 5, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်အတွင်း  “ဝ”အထူးဒေသ(၂) ဝမ်ဟုန်ဒေသတွင်းရှိ ဝမ်ဟုန်ဆေးရုံတွင် UWSA "ဝ"တပ်ဖွဲ့ဝင်များ နှင့် မိသားစုဝင်များကို သင်ကြားပေးနေသည့် အာဏာသိမ်းစစ်တပ်၏ ဆေးဘက်ဆိုင်ရာသင်တန်း နှင့် မွမ်းမံသင်တန်းများ၏ သင်တန်းဆင်းပွဲကို ဇွန်လ(၄)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆေးဘက်ဆိုင်ရာ သင်တန်းအမှတ်စဉ် (၂/၂၀၂၁)တွင် သင်တန်းသား/သူ (၄၆)ဦး နှင့် ဆေးဘက်ဆိုင်ရာမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၁)တွင် သင်တန်းသား/သူ (၂၄)ဦး စုစုပေါင်း (၇၀)ဦး သင်ယူခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများကို ၂၀၂၁ခုနှစ် ဧပြီလ(၅)ရက်နေ့က စတင်ကာ ဇွန်လ(၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် ဆေးဘက်ဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂ဝ၂၁)၏ သင်တန်းဆင်းပွဲကိုလည်း  ၂၀၂၁ခုနှစ် မတ်လ(၁၂)ရက်နေ့က ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။