"ဝ" ဒေသအတွင်း လူအဝင်အထွက်ဂိတ်များ ပိတ်ထားရန် အာဏာသိမ်းစစ်ကောင်စီအကြောင်းကြားဟု သတင်းများထွက်နေ

"ဝ"ခေါင်းဆောင် ဆေးရုံတက်ရစဉ် ယခုအာဏာသိမ်းစစ်ခေါင်းဆောင်က ငှက်သိုက်စွပ်ပြုတ် သွားတိုက်စဉ်
"ဝ"ခေါင်းဆောင် ဆေးရုံတက်ရစဉ် ယခုအာဏာသိမ်းစစ်ခေါင်းဆောင်က ငှက်သိုက်စွပ်ပြုတ် သွားတိုက်စဉ်
"ဝ" ဒေသအတွင်း လူအဝင်အထွက်ဂိတ်များ ပိတ်ထားရန် အာဏာသိမ်းစစ်ကောင်စီအကြောင်းကြားဟု သတင်းများထွက်နေ
By Tachileik News Agency



UWSA ဒေသ "ဝ"ပြည်အတွင်း လူအဝင်အထွက်ပြုလုပ်ခြင်းကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၁)ရက်နေ့မှစ၍ ပိတ်ထားရန် အာဏာသိမ်းစစ်ကောင်စီက "ဝ"ဒေသတာဝန်ရှိသူများထံ အကြောင်းကြားထားသည်ဟု သတင်းများထွက်ပေါ်နေသည်ကို တွေ့ရသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ "ဝ" အရာရှိအချို့လည်း ကြားသိရသော်လည်း အသေးစိတ်သိရှိခြင်းမရှိကြောင်း သိရသည်။

မနက်ဖြန်ကစပြီး "ဝ" ပြည်လူအဝင်အထွက်ဂိတ်ကို စပိတ်ရမယ်လို့ စကစက အကြောင်းကြားတယ်။ ဘာတွေအကြပ်ကိုင်ချင်လဲမသိဘူး။ စာနဲ့ပို့တာ မဟုတ်ဘူး။ ဘာကြောင့်ပိတ်တယ်၊ ဘယ်လောက်ကြာမယ်ဆိုတာတော့ မသိရသေးဘူး။ ဒီလိုသာလုပ်ရင် နှစ်ဖက်ပြည်သူတွေပဲ နစ်နာကြမှာပေါ့။ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးကူးလူးဆက်ဆံမှုတွေ ထိခိုက်ကုန်မှာပေါ့ 

ဟု အမည်မဖေါ်လိုသည့် "ဝ" အရာရှိတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ အကြောင်းကြားချက်တွင် စစ်တပ်အာဏာသိမ်းပြီးမှ ပြန်ဖွင့်လိုက်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တာပင်းဂိတ်ကဲ့သို့ "ဝ"ဒေသနှင့် ကုန်သွယ်လမ်းကြောင်းများပါဝင်ခြင်းရှိ၊ မရှိကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါ။

(UWSA က ၎င်းတို့၏ဒေသအား "ဝ"ပြည်ဟု ခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်)