ရွှေဖီမြေသတင်းအေဂျင်စီ၏ ရုံးနေရာကို သော့ဖျက်ပြီး ဝင်မွှေခံရ

ရွှေဖီမြေသတင်းအေဂျင်စီ၏ ရုံးနေရာကို သော့ဖျက်ပြီး ဝင်မွှေခံရ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အခြေချသည့် "ရွှေဖီမြေသတင်းအေဂျင်စီ"၏ ရုံးတည်ရှိရာနေရာကို ၂၀၂၁ခုနှစ် မေလ(၅)ရက်နေ့ ညပိုင်းက သော့များဖျက်ကာ ဝင်ရောက်မွှေနှောက် ရှာဖွေခံရကြောင်း သိရသည်။

ရုံးခြံဝန်းတံခါး နှင့် ရုံးခန်းတံခါးသော့ကို ဖျက်ဆီးပြီး ဝင်ရောက်ကာ မွှေနှောက်သွားခြင်း ဖြစ်ပြီး ရုံးအပြင် ဝန်ထမ်းအိပ်ခန်းများကိုလည်း မွှေနှောက်ရှာဖွေသွားခြင်းဖြစ်သော်လည်း မည်သည့် အဖွဲ့အစည်းက ဆိုသည်ကိုတော့ မသိရှိရကြောင်း သိရသည်။

ရွှေဖီမြေသတင်းအေဂျင်စီသည်  တရားဝင်အစိုးရလက်ထက် ၂၀၁၉ခုနှစ်က သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခွင့် မှတ်ပုံတင်ရရှိထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း အခြေစိုက် သတင်းဌာနတခုဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ၏ ရဲနှင့်စစ်တပ်က ရှမ်းပြည်နယ်အတွင်း အမှီအခိုကင်းပြီး လွတ်လပ်သော သတင်းဌာနများကို ဖိအားပေးမှုများ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

ဓါတ်ပုံ - ရွှေဖီမြေ