ကျောက်မဲမြို့တွင် စစ်အာဏာရှင်စနစ် ကျရှုံးရေး ပြည်သူများက  စီတန်းလှည့်လည်ကာ ကြွေးကြော်

ကျောက်မဲမြို့တွင် စစ်အာဏာရှင်စနစ် ကျရှုံးရေး ပြည်သူများက  စီတန်းလှည့်လည်ကာ ကြွေးကြော်

ကျောက်မဲမြို့တွင် စစ်အာဏာရှင်စနစ် ကျရှုံးရေး ပြည်သူများက  စီတန်းလှည့်လည်ကာ ကြွေးကြော်

တပ်မတော်က အာဏာသိမ်းထားခြင်းကို ကန့်ကွက်သည့် အနေဖြင့် ရှမ်းပြည်နယ်(‌မြောက်ပိုင်း) ကျောက်မဲမြို့တွင် လူအင်အား အမြောက်အများက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၈)ရက်နေ့ နံနက်ပိုင်းက စီတန်းလှည့်လည်ကာ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ ဒီမိုကရေစီရရှိရေး စသည့် ကြွေးကြော်သံများဖြင့် ဆနဖေါ်ထုတ်ခဲ့သည်။

ဖေဖေါ်ဝါရီလ (၈)ရက်၊ နံနက် (၁၀)နာရီကစတင်၍ ကျောက်မဲမြို့ရှိ ခရိုင်မီးသတ်ရုံးရှေ့မှ မြို့တွင်းသို့ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဥ်များဖြင့် လှည့်လည်ပြီး “အာဏာရှင်စနစ်ကျရှုံးရေး၊ ဒီမိုကရေစီရရှိရေး” စသည့် ကြွေးကြော်သံများဖြင့် မြို့တွင်း စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်သည်။

ကျောက်မဲမြို့ရှိ စစ်ဘီးစီးအဖွဲ့များ၊ မြို့သူမြို့သားများ၊ အစိုးရဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းများ ပါဝင်သည့် လူတန်းဖြင့် မြို့အဝင်မုခ်ဦးနှင့် အမှတ် ( ၃၅၂ ) အမြှောက်တပ်အနီး အချိန်အနည်းငယ်ကြာ စုရုံးခဲ့ကြပြီး ပြည်ထောင်စုလမ်းမကြီးအတိုင်း လှည့်လည်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency

သတင်း/ဓါတ်ပုံ - နေဖြိုးမြင့်

 

 

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...