မုံးကိုးဒေသအတွင်း  အာဏာသိမ်းစစ်တပ်၏  လက်နက်ခဲယမ်းများကို MNDAA မှ  ထပ်မံ သိမ်းဆည်းရမိ

Photo: The Kokang
Photo: The Kokang
မုံးကိုးဒေသအတွင်း  အာဏာသိမ်းစစ်တပ်၏  လက်နက်ခဲယမ်းများကို MNDAA မှ  ထပ်မံ သိမ်းဆည်းရမိ
နိုဝင်ဘာ 22, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) မုံးကိုးဒေသအတွင်း ရှေ့တန်းနေရာတစ်ခုကို MNDAA က ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ရှင်းလင်းရာ အာဏာသိမ်းစစ်တပ်မှ စွန့်ပစ်သွားသည့် လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိသည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၂၀) ရက်နေ့ကလည်း အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်မ ၉၉ က စွန့်ပစ်သွားသည့် လက်နက်ခဲယမ်းအများအပြားကို ကိုးကန့် MNDAA က သိမ်းဆည်းရမိထားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင်းမှ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအနက် ကိုးကန့် MNDAA တစ်ခုတည်းကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။