ကျောက်မဲမြို့တွင် ဖုန်း(၉)လုံး နှင့် ငွေဖြည့်ကတ်များ ခိုးယူသွားသည့် လူငယ်များကို  ဖမ်းဆီးရမိ

ကျောက်မဲမြို့တွင် ဖုန်း(၉)လုံး နှင့် ငွေဖြည့်ကတ်များ ခိုးယူသွားသည့် လူငယ်များကို  ဖမ်းဆီးရမိ

 ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် ဇန်နဝါရီလ(၁၂)ရက် နံနက်အစောပိုင်းက ဖေါက်ထွင်းခိုးယူခံရသည့် ဖုန်းဆိုင်မှ ဖုန်း (၉)လုံး၊ငွေဖြည့်ကတ်အချို့ကို ခိုးယူသွားသည့် လူငယ်များနှင့် ဆက်စပ်သူ စုစုပေါင်း (၅)ဦးကို ဇန်နဝါရီ (၁၃)ရက် ညသန်းခေါင်အချိန်တွင် မြို့မရဲတပ်ဖွဲ့က ရှာဖွေဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ (၁၂)ရက်၊ နံနက် (၁)နာရီ (၄၅)မိနစ်ခန့်တွင် ကျောက်မဲမြို့ ပင်လုံလမ်းနှင့် ရွှေဖီဦးလမ်းထောင့်ရှိ TECHNO ( Mobile Sale & Services ) ဖုန်းဆိုင်သို့ လူငယ် အမျိုးသား(၂)ဦး ပါဝင်သည့်အဖွဲ့က ဖုန်းဆိုင်၏ အပြင်ဘက်ရှိ CCTV လုံခြုံရေး ကင်မရာတစ်ခုကို Mask ဖြင့်အုပ်ကာ သံဘာဂျာ တံခါးသော့ကိုဖွင့်၍ ဆိုင်အတွင်းဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်း တပ်ဖွဲ့ဝင်များ၏ ကျိုးစား ရှာဖွေမှုဖြင့် ဇန်နဝါရီလ (၁၃)ရက်၊ ည(၁၂)နာရီခန့်တွင် မြို့တော်ခန်းမဝန်းအတွင်း အသက် (၁၂)နှစ်မှ (၁၆)နှစ်အရွယ်ထိ လူငယ် (၅)ဦး ကို တွေ့ရှိခဲ့ရာမှ အဆိုပါ ဖုန်းဆိုင်အတွင်း ဝင်ရောက်ခဲ့သူ (၂)ဦးလည်း ပါဝင်နေသည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။

ခိုးယူခံရသည့်   ဖုန်း (၉)လုံးနှင့် ငွေဖြည့်ကတ်အချို့ကို ၎င်းးတို့ထံမှ ပြန်ရထားပြီဖြစ်ပြီး ကျန်ငွေ ဖြည့်ကတ်များကိုလဲ ၎င်းတို့ ဖြန့်ချိ/ရောင်းချထားသော နေရာများမှ ပြန်လည်ရရှိရန် ရဲတပ်ဖွဲ့က ဆောင်ရွက်နေသည်ဟု သိရသည်။

လူငယ် (၅)ဦးသည် ဘုန်းကြီးကျောင်းတစ်ခုမှစာသင်သားများ ဖြစ်ပြီး ငယ်ရွယ်သူများဖြစ်သည့် အတွက် ဖုန်းဆိုင်ပိုင်ရှင်က အမှုဖွင့်ခြင်းမရှိဘဲ ၎တို့နေထိုင်သော ဘုန်းကြီးကျောင်းမှ တာဝန်ရှိသူများထံ ပြန်လည် အပ်နှံခဲ့ကြောင်း သိရသည်။

 

 Tachileik News Agency

သတင်း - နေဖြိုးမြင့် 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...