တာချီလိတ်လေဆိပ်တွင် တာဝန်ကျဝန်ထမ်းများကို COVID-19 စစ်ဆေးမည်

တာချီလိတ်လေဆိပ်တွင် တာဝန်ကျဝန်ထမ်းများကို COVID-19 စစ်ဆေးမည်
ဒီဇင်ဘာ 16, 2020
By Tachileik News Agency
 တာချီလိတ်လေဆိပ်တွင် တာဝန်ကျဝန်ထမ်းများကို COVID-19 စစ်ဆေးမည် 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ လေဆိပ်တွင် လေကြောင်းခရီးစဉ်များ စတင်နေပြီဖြစ်၍ အလှည့်ကျတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို COVID-19 စစ်ဆေးမှုများကို တာဝန်ကျသည့်အပတ်စဉ်တိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ဝန်ထမ်းတွေက အလှည့်ကျထမ်းဆောင်ရတယ်။ ဒီတစ်ဖွဲ့ကိုစစ်ပြီးရင် နောက်တစ်ပတ်ကျရင် နောက်တစ်ဖွဲ့ပေါ့။ သက်ဆိုင်ရာဌာနကနေ  စီမံပြီးတော့ တာချီလိတ်ဆေးရုံက Fiver Clinic မှာသွားပြီးတော့ ကျန်းမာရေးစစ်ဆေးရမယ်လို့ ညွှန်ကြားထားပြီးသားပါ”ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန(တာချီလိတ်)မှ မန်နေဂျာ ဦးဝင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြာသည်။
တာချီလိတ်လေဆိပ်တွင် ဒီဇင်ဘာလ (၁၅) ရက်နေ့က နေရပ်ပြန်မည့် တရုတ်နိုင်ငံသားများအား နိုင်ငံခြားရေးဝန်ကြီးဌာနချင်းချိတ်ဆက်စီစဉ်သည့် စင်းလုံးငှားလေယာဉ် (၁) စီး စတင်ဆင်းသက်ခဲ့ပြီး ပြည်တွင်းလေကြောင်းလိုင်းများ စတင်ပျံသန်းသည့် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် Air KBZ လေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲခဲ့ခြင်းဖြစ်ရာ လေဆိပ်အတွင်း COVID 19 ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
“ကျန်းမာရေးဌာန၊ လေကြောင်းရဲတပ်ဖွဲ့နဲ့ လေဆိပ်ဝန်ထမ်းတွေ ပူးပေါင်းပြီး ခရီးသည်တွေရဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ကျန်းမာရေးဌာနရဲ့စံတွေအတိုင်း ပူးပေါင်းဆောင်ရွက်သွားမှာပါ”ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (တာချီလိတ်)မှ မန်နေဂျာ ဦးဝင်းမြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
လေကြောင်းခရီးစဉ်များ စတင်ပျံသန်းခွင့်ပြုသည့် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် လေကြောင်းခရီးစဉ်တစ်ခု ဒီဇင်ဘာ (၁၇) ရက်နေ့မှစတင်ပြီး လေကြောင်းခရီးစဉ် အနည်းဆုံး (၂) ခုပြေးဆွဲမည် ဖြစ်သဖြင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်နေဖြင်း ဖြစ်သည်။
  Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~