တာချီလိတ်မြို့ မယ်ယန်း COVID-19 စစ်ဆေးရေးစခန်းတွင် ရန်ကုန်က လာသည့် ယာဉ်အကူ (၁) ဦးထံမှ COVID-19 ပိုးတွေ့

တာချီလိတ်မြို့ မယ်ယန်း COVID-19 စစ်ဆေးရေးစခန်းတွင် ရန်ကုန်က လာသည့် ယာဉ်အကူ (၁) ဦးထံမှ COVID-19 ပိုးတွေ့
ဒီဇင်ဘာ 9, 2020
By Tachileik News Agency
တာချီလိတ်မြို့ မယ်ယန်း COVID-19 စစ်ဆေးရေးစခန်းတွင် ရန်ကုန်က လာသည့် ယာဉ်အကူ (၁) ဦးထံမှ COVID-19 ပိုးတွေ့
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အဝင်ရှိ မယ်ယန်း COVID-19 စစ်ဆေးရေးစခန်းတွင် ယာဉ်အကူ (၁) ဦးထံမှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းတွင် COVID-19 ရောဂါပိုးတွေ့ရှိသည်။
ရန်ကုန်မှ တာချီလိတ်သို့ လာရောက်သည့် မိုးကောင်းကင်ယာဉ်လိုင်းမှ ယာဉ်အကူထံတွင် COVID-19 ပိုးတွေ့ရှိခြင်း ဖြစ်ပြီး ၎င်းသည် ဒီဇင်ဘာလ(၆) ရက်နေ့က ပဲခူး၊ ထောက်ကြန့်ဂိတ်တွင် စစ်ဆေးခဲ့ရာတွင် Negative အဖြေထွက်ရှိခဲ့သူဖြစ်သော်လည်း တာချီလိတ်တွင် ပိုးတွေ့သည့်အဖြေ ထွက်ခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၉) ရက်နေ့ နေလည် (၁၁) နာရီခွဲအထိ COVID-19 အတည်ပြုလူနာ (၈၇) ဦးရှိနေပြီး ပြင်ပကူးစက်သူ (၁၀) ဦး၊ ထိုင်းနိုင်ငံသူ (၂) ဦးနှင့် ဒေသတွင်းကူးစက်သူ (၇၅) ရှိနေသည်။
Tachileik News Agency
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~