လာအိုနိုင်ငံမှ လျှပ်စစ်မီး ရယူသုံးစွဲထားသည့် ကျိုင်းလပ် နှင့် တာလေမြို့တို့တွင် ဇွန်လ(၂၀)ရက်နေ့၌ လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်

လာအိုနိုင်ငံမှ လျှပ်စစ်မီး ရယူသုံးစွဲထားသည့် ကျိုင်းလပ် နှင့် တာလေမြို့တို့တွင် ဇွန်လ(၂၀)ရက်နေ့၌ လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်
ဇွန် 19, 2020
By Tachileik News Agency

လာအိုနိုင်ငံမှ လျှပ်စစ်မီး ရယူသုံးစွဲထားသည့် ကျိုင်းလပ် နှင့် တာလေမြို့တို့တွင် ဇွန်လ(၂၀)ရက်နေ့၌ လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်

မြန်မာ - လာအိုနယ်စပ်ဒေသ၊ တာချီလိတ်ခရိုင်အတွင်း ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့တွင် ၂၀၂၀ခုနှစ် ဇွန်လ (၂၀)ရက်နေ့၌ လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည် ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ နမ့်ထားခရိုင်ရှိ နမ့်ထားဓါတ်အားခွဲရုံတွင် 22KV လိုင်း ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်မည်ဖြစ်သည့် အတွက် မြန်မာဘက် ကျိုင်းလပ်မြို့ နှင့် တာလေမြို့တို့တွင် နံနက်(၈)နာရီမှ ညနေ(၄)နာရီအထိ လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်ဖြစ်ပြီး လုပ်ငန်းအမြန်ဆုံး ပြီးမြောက်ပါက စောလျင်စွာ လွတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင်အတွင်းဖြစ်သည့် ကျိုင်းလပ်မြို့နှင့် တာလေမြို့တို့တွင် လာအိုနိုင်ငံက လျှပ်စစ်မီးကို ဝယ်ယူသုံးစွဲနေခြင်းဖြစ်ပြီး တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ဝယ်ယူသုံးစွဲနေခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~