မိုင်းယောင်းမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်းတို့မှ မွေးဖွားလာသူ (၂)နှစ်အောက် ကလေးများ အပါအဝင် စုစုပေါင်း (၃၉၅)ဦးကို ထောက်ပံ့ငွေပေးအပ်

မိုင်းယောင်းမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်းတို့မှ မွေးဖွားလာသူ (၂)နှစ်အောက် ကလေးများ အပါအဝင် စုစုပေါင်း (၃၉၅)ဦးကို ထောက်ပံ့ငွေပေးအပ်
စက်တင်ဘာ 22, 2020
By Tachileik News Agency
မိုင်းယောင်းမြို့နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင် နှင့် ၎င်းတို့မှ မွေးဖွားလာသူ (၂)နှစ်အောက် ကလေးများ အပါအဝင် စုစုပေါင်း (၃၉၅)ဦးကို ထောက်ပံ့ငွေပေးအပ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက်ကလေးများအား လူမှုဝန်ထမ်းဦးစီးဌာနက စက်တင်ဘာလ(၂၁)ရက်နေ့က စတင် ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်း  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် KBZ bank တို့ပူးပေါင်းပြီး Mobile Application ဖြင့်  ကောက်ယူခဲ့သည့် စာရင်းများအနက် ငွေကြေးထောက်ပံ့ပေးရေး အစီအစဉ် စာရင်းသွင်းထားသည့် ကိုယ်ဝန်ဆောင်မိခင် (၂၇၈)ဦးနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက် နှစ်နှစ်အောက် ကလေးငယ် (၁၁၇)ဦးတို့အား တစ်လလျှင် ကျပ် (၁၅,၀၀၀)နှုန်းဖြင့် ပထမ သုံးလပတ်(ဧပြီ၊ မေ၊ ဇွန်)၊ ဒုတိယသုံးလပတ်(ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ)လအတွက် တစ်ဦးလျှင် ကျပ် (၉၀,၀၀၀)ကို အကျိုးခံစားခွင့်ရှိသူ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်များအနေဖြင့် စာရင်းသွင်းစဉ် ကိုယ်ဝန်ဆောင်ကာလအတိုင်း ထောက်ပံ့ငွေများ ရရှိခဲ့ကြကာ ဖုန်းနံပါတ်ရှိပြီး အကျိုးခံစားခွင့် ရရှိသူများအား KBZ Pay မှ လည်းကောင်း၊ ဖုန်းမရှိသူ အကျိုးခံစားခွင့် ရရှိသူများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာများအထိ KBZ Pay မှ ဝန်ထမ်းများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခဲ့ကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
Tachileik News Agency
သတင်း - စိုင်းအောင်ဇော်လင်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~