COVID 19 ဒုတိယလှိုင်းဖြစ်နေသည့် လာအိုနိုင်ငံတွင် အတည်ပြုလူနာ (၆၈)ဦးထပ်တိုး

COVID 19 ဒုတိယလှိုင်းဖြစ်နေသည့် လာအိုနိုင်ငံတွင် အတည်ပြုလူနာ (၆၈)ဦးထပ်တိုး

 

မြန်မာ့အိမ်နီးချင်း လာအိုနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဧပြီလ (၂၉) ရက်နေ့၌ COVID 19 အတည်ပြုလူနာ (၆၈)ဦးထပ်တိုးလာပြီး အတည်ပြုလူနာတွေ့သည့် ခရိုင် (၈) ခုတွင် ပျံ့နှံ့နေကြောင်း သိရသည်။

ထပ်တိုးလာသည့် အတည်ပြုလူနာများတွင် မြန်မာရွှေ့ပြောင်းလုပ်သားအများအပြားနေထိုင်ရာ ဘိုကျောက်ခရိုင်မှ (၁၀) ဦးပါဝင်ကြောင်း သိရသည်။

လာအိုနိုင်ငံအတွင်း အတည်ပြုလူနာစုစုပေါင်း (၆၇၂) ဦးရှိလာပြီဖြစ်သော်လည်း သေဆုံးသူမရှိကြောင်း သိရသည်။

 

လာအိုနိုင်ငံတွင် COVID 19 ဒုတိယလှိုင်းဖြစ်နေ၍ နိုင်ငံအတွင်း ဒေသအားလုံးကို အသွားအလာကန့်သတ်ထားရှိသည်။