မကွေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် Covid-19 အတည်ပြုလူနာ (၃၈)ဦး ထပ်တိုး၍ စုစုပေါင်း (၅၁၂)ဦးအထိရှိလာ

မကွေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် Covid-19 အတည်ပြုလူနာ (၃၈)ဦး ထပ်တိုး၍ စုစုပေါင်း (၅၁၂)ဦးအထိရှိလာ
အောက်တိုဘာ 26, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်း  အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းတွင် Covid-19 အတည်ပြုလူနာ (၃၈)ဦး ထပ်တိုး၍ စုစုပေါင်း (၅၁၂)ဦးအထိရှိလာ
မကွေးတိုင်းဒေသကြီးအတွင်း  အောက်တိုဘာလ(၂၅)ရက် ညပိုင်းက CONID-19 အတည်ပြုလူနာ (၉၇)ဦး စံချိန်တင် ထပ်တိုးတွေ့ရှိခဲ့ပြီးနောက်  အောက်တိုဘာ(၂၆)ရက် နံနက်ပိုင်းတွင်လည်း အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL results အရ အတည်ပြုလူနာ (၃၈)ဦး ထပ်တိုးတွေ့ရှိသဖြင့် ပိုးတွေ့လူနာ စုစုပေါင်း (၅၁၂)ဦးရှိလာပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးနှင့်ကုသရေးဦးစီးဌာန ၏ အောက်တိုဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းထုတ်ပြန်ချက်အရ သိရသည်။
“အောင်လံက ပိုးတွေ့လူနာ (၂)ဦးက positive လူနာနဲ့ contact တွေဖြစ်ပြီး ကျန်တာအားလုံးက Quarantine Centre တွေမှာထားရှိတဲ့ ရန်ကုန်ပြန်တွေပါ။ မနေ့က မြို့သစ်က ပိုးတွေ့လူနာအများစုကလည်း positive contact တွေအများစုပါရှိနေလို့ အတော်ကို သတိထားဖို့လိုပါပြီ”ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ(၂၆)ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ ပေါ်ထွက်လာသော COVID-19 ပိုးတွေ့လူနာ(၃၈)ဦးမှာ အောင်လံမြို့နယ်မှ(၃၄)ဦး၊ မကွေးမြို့နယ်မှ (၄)ဦး ဖြစ်ပြီး မကွေးတိုင်းအတွင်း ဆေးရုံအသီးသီး၌ ကုသမှုပေးနေရဆဲ COVID-19 အတည်ပြုလူနာ(၂၄၄)ဦးဖြစ်လာကာ ဆေးရုံဆင်း လူနာ(၂၆၈)ဦးရှိပြီး သေဆုံးမှုမရှိသေးကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~