ပုဒ်မ ၅၀၅-က ဖွင့် အမှုဖွင့်ကြောင်း ကြေညာလိုက်ပြီး နောက်တစ်နေ့ တာချီလိတ်မြို့မှ အထူးကု (၂)ဦး ချက်ချင်း လုပ်ငန်း ပြန်ဝင်

ပုံအညွှန်း  - ဖော်ပြပါ ပုံများမှာ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် ပုံများဖြစ်သည်။

ဧပြီ 28, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီက CDM လုပ်ဆောင်နေသည့် ဆရာဝန်များကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်သည့် အမည်စာရင်းတွင် တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ အထူးဆရာဝန်(၂)ဦး၏ အမည်ပါလာပြီးနောက် အမှုပြန်ရုတ်သိမ်းနိုင်ရေးလုပ်ဆောင်နေပြီး လုပ်ငန်းပြန်ဝင်နေကြောင်း သိရသည်။

တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၏ ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့် နှင့် သမားတော် အထူးကုဆရာဝန် ဒေါက်တာ နေလင်းအောင်တို့ကို  အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ကြောင်းကို စစ်တပ်ပိုင် မီဒီယာက ၂၀၂၁ခုနှစ် ဧပြီလ(၂၆)ရက်နေ့က ထုတ်ပြန်ကြေညာပြီးနောက် ၎င်းတို့ (၂)ဦးသည် ဧပြီလ(၂၇)ရက်နေ့က စ၍  လုပ်ငန်းပြန်ဝင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဒီနေ့ ကျိုင်းတုံက ပြည်နယ်မှူးလာတယ်။ သူတို့ရဲ့ ၅၀၅ အမှုကိစ္စအတွက် လိုက်လုပ်နေတာတွေ့တယ်၊ ဒီနေ့ ဒေါက်တာကျော်စွာမြင့်၊ ဒေါက်တာနေလင်းအောင် နဲ့ သူ့မိန်းမလည်း ဆေးရုံမှာ ပြန်ဝင်နေတာကို တွေ့ခဲ့တယ်

ဟု  မြင်တွေ့ရသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၈)ရက်နေ့တွင် ပြောသည်။

ပုံအညွှန်း  - ဖော်ပြပါ ပုံများမှာ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် ပုံများဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမှုဖွင့်သည့်အပြင် ဆေးကုသမှုပေးနေသည့် ဆေးခန်းအား လုပ်ငန်းလိုင်စင်ပိတ်သိမ်းမည်ဟု ကြေညာပြီး နောက်တစ်ရက်တွင် ၎င်းတို့ (၂)ဦးမှာ CDM လုပ်ဆောင်ထားရာမှ လုပ်ငန်းပြန်ဝင်သွားကြခြင်း ဖြစ်သည်။

ဒီနေ့က တာချီလိတ်ဆေးရုံကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဒေါက်တာကျော်ထွန်းလာတော့ ဆေးရုံပြန်ဖွင့်တာကို ပြချင်လို့ အထူးကုတွေ တော်တော်များများကို ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မြို့မိမြို့ဖအဖွဲ့က နီးစပ်ရာကနေ စည်းရုံးသိမ်းသွင်း ဖိအားပေးခြိမ်းခြောက်တာတွေ လုပ်တယ်လို့ ကြားတယ်။ ကျွန်မတို့ကတော့ ဒီထက်ပိုပြီး ဆုံးရှုံးစရာမရှိတော့ဘူး အဲ့အတွက် အဆုံးထိပဲ CDM ဆက်လုပ်သွားမယ်။ CDM လုပ်ထားပြီးမှ ပြန်ဝင်သွားကြသူတွေလည်း ထွေးပြီးသား တံတွေးပြန်မျိုသလိုမို့ လူတောထဲမှာ သူတို့လိပ်ပြာလုံပါစေလို့ပဲ ပြောချင်တော့တယ်

ဟု CDM လုပ်ဆောင်ထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ပုံအညွှန်း  - ဖော်ပြပါ ပုံများမှာ တပ်မတော်သတင်းအမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် ပုံများဖြစ်သည်။

တာချီလိတ်မြို့တွင် နိုင်ငံအာဏာသိမ်းခံရပြီးသည့်နေ့ကစ၍ တာချီလိတ်ခရိုင်အတွင်းရှိ အထူးကုများ၊ လက်ထောက်ဆရာဝန်များ နှင့် သူနာပြုအများ စသည့် ကျန်းမာရေးဝန်ထမ်း အများစုမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM လုပ်ဆောင်ထားကြခြင်း ဖြစ်သော်လည်း ယခုအခါမှာ CDM ကို ဖျက်ပြီး လုပ်ငန်းပြန်ဝင်သူများရှိနေကြောင်း သိရသည်။