ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ TBC အဖွဲ့ဝင်များ တာချီလိတ်သို့ လာရောက် တွေ့ဆုံမိတ်ဆက်ကာ မယ်ယန်းဂိတ်ရှိ COVID-19 စစ်ဆေးရေးစခန်းကို သွားရောက် လေ့လာ

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ TBC အဖွဲ့ဝင်များ တာချီလိတ်သို့ လာရောက် တွေ့ဆုံမိတ်ဆက်ကာ မယ်ယန်းဂိတ်ရှိ COVID-19 စစ်ဆေးရေးစခန်းကို သွားရောက် လေ့လာ
အောက်တိုဘာ 15, 2020
By Tachileik News Agency

ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ TBC အဖွဲ့ဝင်များ တာချီလိတ်သို့ လာရောက် တွေ့ဆုံမိတ်ဆက်ကာ  မယ်ယန်းဂိတ်ရှိ COVID-19 စစ်ဆေးရေးစခန်းကို သွားရောက် လေ့လာ

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC) အဖွဲ့ဝင်များသည် တာချီလိတ်သို့ တွေ့ဆုံမိတ်ဆက်ရန် လာရောက်ပြီး တာချီလိတ်မြို့အဝင်  မယ်ယန်း တိုးဂိတ်အနီးရှိ COVID-19 စစ်ဆေးရေးစခန်းသို့ ၂၀၂၀ ခုနှစ် အောက်တိုဘာ (၁၅) ရက်နေ့ နေ့လည်ပိုင်းက သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက် မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)တွင် ရာထူးအပြောင်းအလဲ ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာနိုင်ငံ တာချီလိတ်မြို့ရှိ မြို့နယ်အဆင့်နယ်ခြားကော်မတီ နှင့် ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများကို   1G1 11 ဟိုတယ်တွင် လာရောက်တွေ့ဆုံ မိတ်ဆက်ခဲ့ကြခြင်း ဖြစ်သည်။
တွေ့ဆုံမိတ်ဆက်မှုအပြီးတွင် ထိုင်းနိုင်ငံဘက် TBC အဖွဲ့က မယ်ယန်းရှိ Covid-19 စစ်ဆေးရေးစခန်းသို့ သွားရောက် လေ့လာရာ  တာချီလိတ်မြို့အတွင်းသို့ ဝင်ရောက်လာမည့် ကုန်တင်ယာဉ်များမှ ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို Test Kit ဖြင့် COVID-19 စစ်ဆေးနေမှုများ၊ ကိုယ်ပိုင်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသူများကို အလိုလျောက် ကိုယ်အပူချိန်တိုင်းတာသည့် စက်ဖြင့် စစ်ဆေးနေမှုများကို မြန်မာဘက်မှ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~