ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးရုံးဝန်းထဲက ကြယ်လိပ် (၁၅၇)ကောင် ခိုးယူခံရ

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးရုံးဝန်းထဲက ကြယ်လိပ် (၁၅၇)ကောင် ခိုးယူခံရ
ဇန်နဝါရီ 12, 2020
By Tachileik News Agency

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးရုံးဝန်းထဲက ကြယ်လိပ် (၁၅၇)ကောင် ခိုးယူခံရ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ သစ်တောဦးစီးဌာန၏ ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးဝန်း အတွင်း ထားရှိသည့် ကြယ်လိပ်(၁၅၇)ကောင် ခိုးယူခံလိုက်ရကြောင်း သိရသည်။

ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း ထားရှိသည့် ကြယ်လိပ်အကြီး (၂၆)ကောင်နှင့် ကြယ်လိပ်အလတ် (၁၃၁)ကောင်ကို ခိုးယူခံလိုက်ရသည်ကို ၂၀၂၀ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် သိရှိရကြောင်း ဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူက ရွှေစက်တော် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဦးစီးအရာရှိ ဦးသိန်းလွင်ထံ သတင်းပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခိုးယူခံလိုက်ရသည့် ကြယ်လိပ်များတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပေါက်ပွားခဲ့သည့် ကြယ်လိပ်အကောင်ငယ် (၁၃၁)ကောင်လည်း ပါဝင်သွားကြောင်းသိရသည်။

ကြယ်လိပ်များ ခိုးယူခံရမှုကို စကုမြို့နယ်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားပြီး လိပ်ခိုးသူများကို စုံစမ်းဖော်ထုတ်နေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~