တာချီလိတ်ဆေးရုံမှ အထူးကုဆရာဝန် (၂)ဦးကို ပုဒ်မ ၅၀၅-က ဖြင့် အာဏာသိမ်းအဖွဲ့က အမှုဖွင့်

တာချီလိတ်ဆေးရုံမှ အထူးကုဆရာဝန် (၂)ဦးကို ပုဒ်မ ၅၀၅-က ဖြင့် အာဏာသိမ်းအဖွဲ့က အမှုဖွင့်
ဧပြီ 26, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည့် ဆရာဝန်(၂၀)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေရုံကြီးမှ ဆရာဝန်(၂)ဦးပါဝင်ကြောင်း ဧပြီလ(၂၆)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။

တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ ကလေးအထူးကုဆရာဝန်ကြီးး ဒေါက်တာကျော်စွာမြင့် နှင့် သမားတော် အထူးကုဆရာဝန်ကြီး ဒေါက်တာနေလင်းအောင် တို့ကို ၅၀၅-က ဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ကြေညာထားသည်။

ဆေးကုသမှုများ ဆောင်ရွက်နေသည့် ဆေးခန်းတို့ကိုလည်း လုပ်ငန်းလိုင်စင်ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အာဏာသိမ်းအဖွဲ့က အသိပေးထားသည်။

တာချီလိတ်ခရိုင်ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးမှ CDM လုပ်ဆောင်နေသည့် ဆေးရုံအုပ်ကြီး "ဒေါက်တာခင်ကျော် နှင့် ဆရာဝန်၊သူနာပြု၊ ဝန်ထမ်းများ"အား ၂၀၂၁ခုနှစ် ဧပြီလ(၁၄)ရက်နေ့က တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီဌေးက တရားလိုပြုလုပ်ပြီး ဒုရဲမှူးကျော်သက်ဦးက အမှုစစ်အဖြစ် ဆောင်ရွက်ကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၈၃/၂၀၂၁ ရာဇသတ်ကြီး ၅၀၅-က ဖြင့် အမှုဖွင့်ထားပြီးနောက် CDM လုပ်ဆောင်ထားသူများထဲက အထူးကုဆရာဝန်များဖြစ်သည့် ဒေါက်တာကျော်စွာမြင့် နှင့် ဒေါက်တာနေလင်းအောင်တို့ကို တာချီလိတ်ဆေးရုံအတွက် ပထမဆုံးအနေဖြင့် ဧပြီလ(၂၆)ရက်နေ့ ညပိုင်းတွင် စစ်တပ်ပိုင်မီဒီယာက သတင်းထုတ်ပြန်သွားခြင်း ဖြစ်သည်။