တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း၍ ဆေးရုံဆင်းခွင့်ရသူ (၁၂)ဦးအထိရှိလာ

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း၍ ဆေးရုံဆင်းခွင့်ရသူ (၁၂)ဦးအထိရှိလာ
ဒီဇင်ဘာ 8, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦး ဆေးရုံဆင်း၍ ဆေးရုံဆင်းခွင့်ရသူ (၁၂)ဦးအထိရှိလာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင်း  COVID-19 အတည်ပြုလူနာတွေထဲက ဆေးရုံကဆင်းခွင့်ရသူ  (၁၂) ဦးမြောက်အဖြစ် အမျိုးသား(၂)ဦး နဲ့ အမျိုးသမီး(၁) စုစုပေါင်း (၃) ဦးဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်ဆေးရုံဟောင်းဝင်းအတွင်းကနေ နေအိမ်ကို ပြန်ခွင့်ရရှိသွားခဲ့ပါတယ်။ 
သူတို့ (၃) ဦးက ဒေသတွင်းကူးစက်ခံရသူတွေဖြစ်ပြီး ဆေးရုံမှာဆေးကုသမှု ခံယူပြီးတဲ့အတွက် နေအိမ်ကိုပြန်ခွင့်ရရှိသွားပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်အတိုင်း နေအိမ်မှာ (၇) ရက် Quarantine နေထိုင်ရမှာဖြစ်ပါတယ်။ 
၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့ကနေ ဒီဇင်ဘာလ (၈) ရက်နေ့ နေ့လည်အထိ အတည်ပြုလူနာ (၈၂) ဦးရှိနေပြီး ဆေးရုံကဆင်းခွင့်ရသူ (၁၂) ဦးရှိသွားတဲ့အတွက် လူနာ (၇၀) ဦး ကျန်ရှိနေပါတယ်။
Tachileik News Agency
သတင်း/တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~