ပြည်သူချင်းကူညီကြသည့် လိုအပ်တာယူ ပိုတာလှူအစီအစဉ်ဖြင့် ကျောက်မဲတွင် စားနပ်ရိက္ခာမျှဝေ

ကျောက်မဲမြို့တွင် လိုအပ်တာယူ ပိုတာလှူ အစီအစဉ်ဖြင့် စားနပ်ရိက္ခာမျှဝေ
ကျောက်မဲမြို့တွင် လိုအပ်တာယူ ပိုတာလှူ အစီအစဉ်ဖြင့် စားနပ်ရိက္ခာမျှဝေ
ပြည်သူချင်းကူညီကြသည့် လိုအပ်တာယူ ပိုတာလှူအစီအစဉ်ဖြင့် ကျောက်မဲတွင် စားနပ်ရိက္ခာမျှဝေ
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် အခြေခံစားသောက်ကုန်များကို လိုအပ်တာယူ ပိုတာလှူ အစီအစဉ်ဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ (၁၇) ရက်နေ့က ပြည်သူအချင်းချင်း ကူညီမှုအစီအစဉ်ကို ပြုလုပ်နေကြသည်။

ကိုဗစ်ကာလအတွင်း စစ်အာဏာသိမ်းခံထားရသည့် မြန်မာနိုင်ငံတွင်း ပြည်သူအချင်းချင်း မျှဝေကူညီကြသည့် လိုအပ်တာယူ ပိုတာလှူအစီအစဉ်ဖြင့် စားနပ်ရိက္ခာမျှဝေခြင်းကို ဒေသအသီးသီးတွင် မိမိတို့အစီအစဉ်ဖြင့် ဆောင်ရွက်လာကြသည်ကို တွေ့ရသည်။

ကမ္ဘာ့ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုကိုပါ ထပ်မံကြုံနေရသဖြင့် နိုင်ငံရေးမတည်မငြိမ်ဖြစ်ကာ ကုန်စည်ကူးသန်းမှုနှင့် အရောင်းအဝယ်လုပ်ငန်းများမှာလည်း အခြားလုပ်ငန်းများနည်းတူ ထိခိုက်နေပြီး စားသောက်ကုန်ဈေးနှုန်းများလည်း တရိပ်ရိပ်တက်လာနေခြင်းဖြစ်သည်။

နိုင်ငံတွင်း စားသောက်ကုန်ဈေးနှုန်းများ တက်လာမှုကို WFP (ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့)၏ စားသောက်ကုန်ဈေးနှုန်း စောင့်ကြည့်ရေးမှ တွေ့ရှိချက်အရ ရန်ကုန်မြို့ ပတ်ဝန်းကျင်ဒေသများတွင် ဖေဖော်ဝါရီလဆန်းကတည်းက စားအုန်းဆီဈေးနှုန်း ၂၀% တက်သွားပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့၏ ပတ်ဝန်းကျင်ဒေသများတွင် ဖေဖော်ဝါရီလ နောက်ဆုံးပတ်ကတည်းက ဆန်ဈေးနှုန်း ၄% တက်သွားသည်ဟု သိရသည်။

နိုင်ငံတဝန်းအနေဖြင့် ဖေဖေါ်ဝါရီလလယ်အတွင်း ဆန်စေ◌ျးမှာ ပျမ်းမျှအားဖြင့် ၃ ရာခိုင်နှုန်းတက်သွားကာ ကချင်ပြည်နယ်အတွင်း ဗန်းမော်နှင့် ပူတာအိုကဲ့သို့ ဒေသများတွင် ၂၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းအထိ တက်သွားသည်ဟု WFP ၏ လေ့လာချက်အရ သိရသည်။

ယင်းအပြင် ကုန်စည်စီးဆင်းမှုကိုပါ အဟန့်အတားဖြစ်ခဲ့သဖြင့် ရှမ်းပြည်နယ်မှ ပြည်မဘက်တင်ပို့နေသည့် စိုက်ပျိုးရေးထွက်ကုန်များကို လုံးဝတင်ပို့နိုင်ခြင်းမရှိ၍ ပျက်စီးခဲ့ရခြင်းများလည်း ရှိခဲ့ခြင်းဖြစ်သည်။