ရဲမှူးချုပ် တင်ကိုကိုက ရှမ်းပြည်နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်အားလုံး ဘေးကင်းရေး  နတ်တင် ဆုတောင်း 

ရဲမှူးချုပ် တင်ကိုကိုက ရှမ်းပြည်နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်အားလုံး ဘေးကင်းရေး  နတ်တင် ဆုတောင်း 
ဒီဇင်ဘာ 9, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်အတွင်းမှ ရဲတပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းရေးအတွက်ဟုဆိုကာ  ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် ဇနီးက ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၉)ရက်နေ့က သီပေါမြို့ရှိ တုံစင့်ဘိုးဘိုးကြီးနတ်နန်းတွင် အုန်းပွဲငှက်ပျောပွဲတင်ကာ ဆုတောင်းနေရကြောင်း သိရသည်။

သီပေါမြို့ရှိ တုံစင့် ဘိုးဘိုးကြီးနတ်နန်းတွင်  "ရဲမှူးချုပ်တင်ကိုကိုနှင့် ဇနီး ဒေါ်အိအိထွန်း - "ရှမ်းပြည်နယ် ရှေ့၊ တောင်၊ မြောက်၊ တစ်ခွင်ရှိကြသော ရဲတပ်ဖွဲ့ဝင်အားလုံး လုပ်ငန်းများ အဆင်ပြေကြပါစေ။ ဘေးအန္တရာယ်အပေါင်း၊ ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးကြပါစေ၊ ကပ်ရောဂါဘေး ကျော်လွှားနိုင်ကြပါစေ"ဟု စာသားချိတ်ထားသည့် အုန်းပွဲငှက်ပျောပွဲ တင်ထားသည်ကို တွေ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုသည်  ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့အပါအဝင် ဒေသအတွင်းမှ  အာဏာသိမ်းမှုကိုဆန့်ကျင်သူများအား ပစ်ခတ်နှိမ်နှင်း၊ ဖမ်းဆီးရာ၌ အမိန့်ပေးစေခိုင်းသူတစ်ဦးလည်းဖြစ်ပြီး အစည်းအဝေးများတွင် ယင်းကဲ့သို့ ပစ်ခတ်ဖမ်းဆီးပုံများကို အားပါးတရပြန်လည်ပြောဆိုတတ်သူဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency