ဖရူဆိုမြို့အနီးတွင် KA၊ KNDF ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းအဖွဲ့ စစ်တပ်တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေ

ဖရူဆိုမြို့အနီးတွင် KA၊ KNDF ပူးပေါင်းအဖွဲ့နှင့် အာဏာသိမ်းအဖွဲ့ စစ်တပ်တို့ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေ
သြဂုတ် 12, 2021 | နိုင်ငံရေး| ကယား

ကယား (ကရင်နီ)ပြည်နယ်၊  ဖရူဆိုမြို့အထွက်နားတွင် ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်(KNDF) ပူးပေါင်းတပ်ဖွဲ့များသည်  အာဏာသိမ်းစစ်ကောင်စီတပ်တို့ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့ နံနက် (၁၀) နာရီကျော်အချိန်မှစ၍ နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။ 

ဖရူဆိုမြို့ အပြင်ဖက်  ဒီးမော့ဆို ဖရူဆိုလမ်းမကြီးဘေးပေါ့လေ။ ထီးကလူဒေါရွာနားလောက်မှာ ပစ်ခတ်နေကြတာပါ။ အခုထိ ပစ်ခတ်နေသေးပြီး ဒေသခံတွေ ပုန်းနေရတယ်။ ဒီးမော့ဆို ဖရူဆိုလမ်း တစ်လျှောက်မှာရော ဖရူဆိုမြို့မှာရော စစ်သားတွေ အပြည့်ရှိနေတယ်

ဟု ဖရူဆိုမြို့နယ်အတွင်းမှ ဒေသခံတစ်ဦးက ပြောသည်။

ဖရူဆိုမြို့အထွက်ရှိ ထီးကလူဒေါကျေးရွာအနီးတွင် နှစ်ဖက်ပစ်ခတ်မှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများပါ ပစ်ခတ်နေ၍ ဒေသခံများ ထိခိုက်မှုရှိနေကြောင်း ကနဦးသိရသော်လည်း အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။ 

ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲဖြစ်ရာ နေရာဖက်သို့ စစ်ကောင်စီ၏တပ်ဖြစ်သည့် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာတွင် အခြေစိုက်ထားသော  အမှတ် (၁၀၂) တပ်ဖက်မှလည်း လက်နက်ကြီးများဖြင့် နေ့လည် (၁၂)နာရီခွဲ အချိန်ထိ ဆက်တိုက် ပစ်ခတ်နေကြောင်း သိရသည်။

#TachileikNewsAgency