ထိုင်းနိုင်ငံအတွင်း ကိုဗစ် တတိယလှိုင်းဖြစ်လာ၍ ခရိုင်(၄၃)ခု၏ အဝင်အထွက်များကို ကန့်သတ်လိုက်ပြီး ဈေးဝယ်စင်တာများကို ည(၉)နာရီအထိသာ ဖွင့်ခွင့်ပြုတော့မည်

ထိုင်းနိုင်ငံအတွင်း ကိုဗစ် တတိယလှိုင်းဖြစ်လာ၍ ခရိုင်(၄၃)ခု၏ အဝင်အထွက်များကို ကန့်သတ်လိုက်ပြီး ဈေးဝယ်စင်တာများကို ည(၉)နာရီအထိသာ ဖွင့်ခွင့်ပြုတော့မည်

 ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဧပြီလ (၁၄) ရက်နေ့က အတည်ပြုလူနာသစ် (၁,၃၃၅)ဦးဖြင့်  တစ်နေ့အတွင်း အတည်ပြုလူနာသစ်တွေ့ရှိမှု အမြင့်ဆုံးဖြစ်လာကာ ဒေသတွင်း အဝင်အထွက်ကန့်သတ်ထိန်းချုပ်သည့် ခရိုင်အရေအတွက်မှာ (၄၃) ခုအထိ တိုးလာသည်။

ထိုင်းနိုင်ငံတွင် ကိုဗစ် ၁၉ တတိယလှိုင်းအဖြစ် ပြန်လည်ဖြစ်ပွားလာသည့်အတွက် ညပိုင်းဖျော်ဖြေရေးလုပ်ငန်းများကို ကန့်သတ်ထားသည့်အပြင် တစ်နိုင်ငံလုံး ဈေးဝယ်စင်တာများကို ဧပြီလ (၁၅) ရက်နေ့မှစ၍ ည (၉)နာရီအထိသာ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။



ဧပြီလ (၁၄) ရက်နေ့ တစ်နေ့တာအတွင်း တွေ့ရသည့် အတည်ပြုလူနာသစ် (၁,၃၃၅) ဦးတွင် ဘန်ကောက်မှ (၃၅၁)ဦးအဖြင့် အများဆုံးဖြစ်နေပြီး ချင်းမိုင်မှ (၃၁၉)ဦးဖြင့် ဒုတိယအများဆုံးဖြစ်နေကာ အတည်ပြုလူနာအများစုမှာ ညပိုင်းဖျော်ဖြေရေးနေရာများနှင့် ဆက်စပ်နေသည်ဟု သိရသည်။



နိုင်ငံတွင်း ကိုဗစ် ၁၉ တတိယလှိုင်းကြောင့် ဧပြီလကုန်သည်အထိ နေအိမ်မှအလုပ်လုပ်ကြရန် ညွှန်ကြားထားပြီး ခရီးသွားလာမှု ထိန်းချုပ်ခြင်းဖြင့် ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် အဓိကဖြစ်သည်ဟု ကျန်းမာရေးပညာရှင်များက သတိပေးထားသည်။



ကိုဗစ် ၁၉ ထိန်းချုပ်ရေးအတွက် ခရိုင်အသီးသီးက မိမိတို့အစီအစဉ်ဖြင့် ဒေသတွင်း ဝင်ထွက်ခွင့်များကို ကန့်သတ်လိုက်ပြီး မည်သည့်ဒေသမှ လာသူများကို quarantine ထားမည်ဆိုသည့် သတ်မှတ်ချက်များကိုလည်း ဒေသအလိုက် သတ်မှတ်ထားကြသည်ဟု သိရသည်။



#TachileikNewsAgency

Source: Bangkok Post