လွိုင်ကော်မြို့တွင် မူကထဆိုင်သွားခဲ့သူ (၉)ဦး အပါအဝင် Covid-19 အတည်ပြုလူနာ (၁၅) ဦး ထပ်မံတွေ့ရှိ

Photo: ရွှေလွိုင်ကော်
Photo: ရွှေလွိုင်ကော်
လွိုင်ကော်မြို့တွင် မူကထဆိုင်သွားခဲ့သူ (၉)ဦး အပါအဝင် Covid-19 အတည်ပြုလူနာ (၁၅) ဦး ထပ်မံတွေ့ရှိ
ဇူလိုင် 9, 2021 | Covid-19| ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့တွင် အတည်ပြုလူနာတွေ့ထားသည့် မူကထဆိုင်သွားခဲ့သူများအပါအဝင်  စုစုပေါင်း (၁၅) ဦးတွင် COVID 19 ပိုးတွေ့သည်ဟု ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယနေ့ထပ်တိုးလာသူများတွင် နောင်ယားရပ်ကွက်မှ အတည်ပြုလူနာတွေ့ထားသည့် မူကထဆိုင် သွားထိုင်ခဲ့သည့်  အသက်(၃)နှစ်ကလေး (၁)ဦး၊ အသက် (၁၂) ကလေး (၂)ဦး၊ အသက် (၁၃)နှစ်ကလေး (၂) ဦးအပါအဝင် စုစုပေါင်း (၉) ဦးတို့တွင် COVID 19 ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ 

ယင်းအပြင် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်မှ (၄)ဦး၊ မင်းစုရပ်ကွက်မှ (၁) ဦးနှင့် နာနတ်တောရပ်ကွက်မှ (၁)ဦးတို့တွင်လည်း ပိုးတွေ့ရသည်ဟု သိရသည်။

ပိုးတွေ့ရှိခဲ့သော အတည်ပြုလူနာများအား လွိုင်ကော်ပြည်သူ့ဆေးရုံကြီး သီးခြားကုသဆောင်တွင်ထားရှိ၍ ကုသမှုပေးလျှက်ရှိကြောင်း သိရသည်။ 

ကယားပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထိ Covid-19 အတည်ပြုလူနာပေါင်း ( ၁၁၂)ဦး တွေ့ရှိခဲ့ရပြီး အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် လွိုင်ကော်မြို့၌ ဇွန်လမှစ၍ ဇူလိုင်လ ၈ ရက်နေ့အထိ  COVID 19 အတည်ပြုလူနာတွေ့ရှိသူ  (၄၅)ဦး တွေ့ရှိပြီဖြစ်ပြီး သေဆုံးသူ (၂)ဦးရှိ​ ပြီဖြစ်ကြောင်း သိရသည်။