ကျောက်မဲမြို့ရှိ တိုးဂိတ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၂)ဦး ဒဏ်ရာရကာ တစ်ဦး သတိလစ်

ကျောက်မဲမြို့ရှိ တိုးဂိတ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံထားရမှု အခြေအနေ
ကျောက်မဲမြို့ရှိ တိုးဂိတ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံထားရမှု အခြေအနေ
ကျောက်မဲမြို့ရှိ တိုးဂိတ်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် (၂)ဦး ဒဏ်ရာရကာ တစ်ဦး သတိလစ်
ဧပြီ 5, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့မှ သီပေါမြို့သို့ ထွက်သည့် ကျောက်မဲတိုးဂိတ်တွင် ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၅)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က လက်နက်ကြီးဖြင့် တစ်ချက်ပစ်ခံရ၍ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး တစ်ဦးမှာ သတိလစ်သွားကြောင်း သိရသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် တိုးဂိတ်ရှိ ဝန်ထမ်း အမျိုးသား(၂)ဦးမှာ ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးမှာ သတိလစ်သွားသည့်အပြင် ဆိုင်ကယ်တစ်စီး နှင့် တိုးဂိတ်အဆောက်အဦတို့မှာ ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သတိလစ်သွားသူအား ကျောက်မဲ စစ်ဆေးရုံသို့ လူမှုကူညီရေးအသင်းက ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

တစ်ချိန်တည်းမှာပင် မြို့မရဲစခန်း၏ အနောက်ဖက်တွင်လည်း သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားကြောင်း သိရသည်။

#TachileikNewsAgency