ကျောက်မဲ နှင့် လားရှိုးမြို့ရှိ ဝန်ထမ်းအိမ်ရာများတွင် CDM ဝန်ထမ်းများကို အိမ်ရာကနေ ဖယ်ပေးရန် ဖုန်းဆက် ဖိအားပေးနေ

ကျောက်မဲ နှင့် လားရှိုးမြို့ရှိ ဝန်ထမ်းအိမ်ရာများတွင် CDM ဝန်ထမ်းများကို အိမ်ရာကနေ ဖယ်ပေးရန် ဖုန်းဆက် ဖိအားပေးနေ
စက်တင်ဘာ 24, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း  မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ လားရှိုး နှင့် ကျောက်မဲမြို့တို့ရှိ ဝန်ထမ်းအိမ်ရာများတွင် နေထိုင်နေကြသည့် ဌာနပေါင်းစုံမှ CDM များကို အောက်တိုဘာလ(၂၄)ရက်နေ့ နောက်ဆုံးထား ဖယ်ပေးရန် ဖုန်းဆက်ဖိအားပေးနေကြောင်း သိရသည်။

အိမ်ရာကနေ ဖယ်ရှားပေးရန်မှာ တရားဝင် ရုံးအမိန့်စာတာ ထုတ်လေ့ရှိပြီး ဖုန်းဆက်ပြောြခင်းမှာ ထုံးစံမဟုတ်ကြောင်း နှင့် ရုံးအမိန့်စာ ထုတ်ပြီးပါကလည်း (၂)လကြာမှ ပြောင်းရသည်မှာ ထုံးစံဖြစ်ကြောင်း သိရသည်။

အမှန်တကယ်တော့ သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပယ်၊ ရွှေ့ပြောင်းအော်ဒါထွက်ပြီး (၂)လကြာမှ ပြောင်းရမယ်လို့ စာချုပ် ချုပ်ထားခဲ့ရတာပါ။  အိမ်ငှားတွေ ငှားရင်အိမ်ရှင်တွေက စကစ( အာဏာသိမ်းစစ်ကောင်စီ) ကို စာရင်းပေးရမယ်လို့ ပြောထားတော့ စိုးရိမ်မိပါတယ်။ ပြောင်းရရွှေ့ရနဲ့ ဆိုတော့ အိမ်ရာ‌မှာ နေတဲ့သူတွေက နယ်ခံတွေ မဟုတ်တော့ အတော်ဒုက္ခရောက်ပါတယ်။

ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ စက်တင်ဘာလ(၂၄)ရက်နေ့တွင် ပြောသည်။

ဖုန်းဆက်အကြောင်းကြားပြီး ဖိအားပေးသူမှာ  မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ဖြစ်သည်ဟု သိရသည်။