TNLA လက္နက္ကိုင္အဖြဲ႔မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ ေဒၚနန္းမိုဟြမ္အား ျပန္လႊတ္ေပးေရး ဆႏၵထုတ္ေဖာ္

TNLA လက္နက္ကိုင္အဖြဲ႔မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ ေဒၚနန္းမိုဟြမ္အား ျပန္လႊတ္ေပးေရး ဆႏၵထုတ္ေဖာ္
စက်တင်ဘာ 7, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) နမ့္ခမ္းၿမိဳ႕၊ ဟိုေနာင္ရပ္ကြက္တြင္ ေနာင္ေမာင္ကုန္မာဆုိင္ဖြင့္ထားသည့္ ေနအိမ္၌္ TNLA က လာေရာက္ ဖမ္းဆီးသြားသည့္ အမ်ိဳးသမီးကို ျပန္လႊတ္ေပးရန္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၇) ရက္ေန႔က နမ့္ခမ္းၿမိဳ႕ လြတ္လပ္ေရး ေက်ာက္တိုင္ကြင္းတြင္ ဆႏၵထုတ္ေဖၚေနၾကေၾကာင္း သိရသည္။

“ဆႏၵေဖၚထုတ္ေနတာကိုေတာ့ ကၽြန္ေတာ္တို႔ ရဲတပ္ဖြဲ႔ ရယ္၊ မီးသတ္တပ္ဖြဲ႔၊ အုပ္ခ်ဳပ္ေရးအဖြဲ႔ေတြေရာ လံုၿခံဳေရး ေဆာင္ရြက္ေပးေနပါတယ္။ သူတို႔လည္း ေအးခ်မ္းစြာနဲ႔ပဲ ဆႏၵေဖၚထုတ္ေနပါတယ္။ အဓိက ကေတာ့ ဖမ္းဆီးခံရသူကို ေကာင္းေကာင္းမြန္မြန္ ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုေနၾကတာပါ” ဟု နမ့္ခမ္းၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုတိယရဲမွဴး မင္းတင္က တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ေျပာသည္။

ဖမ္းဆီးခံရသူ အမိ်ဳးသမီး၏ မိသားစုဝင္မ်ားက ဦးေဆာင္၍ နမ့္ခမ္းၿမိဳ႕လယ္ရွိ လြတ္လပ္ေရး ေက်ာက္တိုင္ေရွ႕ ပန္ပြဲကြင္းတြင္ နံနက္ (၉) နာရီမွ (၁၁) နာရီအထိ ၿငိမ္းခ်မ္းစြာ ဆိုင္းဘုတ္ကိုင္ေဆာင္ ဆႏၵထုတ္ေဖၚျခင္း ျဖစ္ေၾကာင္း သိရသည္။

နမ့္ခမ္းၿမိဳ႕မွ အသက္(၃၇)ႏွစ္အရြယ္ ေဒၚနန္းမိုဟြမ္ကို ၎၏ ေနအိမ္တြင္ နံနက္စာ စားေနစဥ္ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ပိုင္း၌ TNLA ဝတ္စံုဝတ္ထားသည့္ လက္နက္ကိုင္အဖြဲ႔က ဝင္ေရာက္ ဖမ္းဆီးသြားခဲ့ျခင္းျဖစ္ကာ ေနအိမ္ရိွ CCTV မွတ္တမ္းမ်ား ဖ်က္ဆီးကာ Hard disk လည္း ယူေဆာင္ သြားခဲ့သျဖင့္ မိသားစုက ရဲတပ္ဖြဲ႕ထံ တုိင္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းကဲ့သို႔ လုပ္ေဆာင္ျခင္းသည္ ျပည္သူတစ္ဦး၏ အခြင့္အေရးကို ခ်ိဳးေဖါက္ျခင္းျဖစ္သျဖင့္ ရႈံ႕ခ် ကန္႔ကြက္ေၾကာင္းႏွင့္ ဖမ္းဆီးထားသည့္ အမ်ိဳးသမီးအား အျမန္ဆံုးျပန္လႊတ္ေပးရန္ ဖမ္းဆီး သြားသူမ်ားအား ေတာင္းဆိုေၾကာင္းကို လူငယ္ကြန္ယက္(နမ့္ခမ္းၿမိဳ႕)က ၾသဂုတ္လ (၁၉) ရက္ေန႔တြင္ ထုတ္ျပန္ခ်က္ တစ္ေစာင္ကို ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ယင္းသို႔ ဖမ္းဆီးခံရၿပီး (၁၈)ရက္ေျမာက္ေန႔ျဖစ္သည့္ စက္တင္ဘာလ(၃)ရက္ေန႔တြင္ TNLA က အဆိုပါ အမ်ိဳးသမီးအား ၎တို႔ ဖမ္းဆီးသြားျခင္းျဖစ္ၿပီး ေဒၚနန္းမိုဟြမ္သည္ PSLF/TNLA ၏ လုပ္ငန္းတာဝန္ကို ေႏွာင့္ယွက္သျဖင့္ အေရးယူရန္ ဖမ္းဆီးျခင္းျဖစ္ေၾကာင္းႏွင့္ စီရင္ခ်က္ခ်မည့္ေန႔တြင္ ေဒၚနန္းမိုဟြမ္၏ ေဆြမ်ိဳးသားခ်င္းႏွင့္ အမ်ားျပည္သူေရွ႕ေမွာက္တြင္ စီရင္ဆံုးျဖတ္သြားမည္ဟု သတင္းထုတ္ျပန္လာသည္ကို ေတြ႔ရသည္။

စက္တင္ဘာလ (၃)ရက္ေန႔က လူမႈကြန္ယက္တြင္ ေဖၚျပလာသည့္ PSLF/TNLA သတင္းႏွင့္ျပန္ၾကားေရးက ေဒၚနန္းမိုဟြမ္ႏွင့္ စပ္လ်ဥ္း၍ သတင္းထုတ္ျပန္ ရွင္းလင္းခ်က္တြင္ “PSLF/TNLA အေကာက္ခြန္ ဦးစီးဌာနမွ အေကာက္ခြန္ဝန္ထမ္းမ်ား လုပ္ငန္း တာဝန္ထမ္းေဆာင္စဥ္ ဝန္ထမ္းမ်ားအား အျပင္းအထန္ ထိခိုက္ေသဆံုးသည္ အထိ ေဒၚနန္းမိုဟြမ္က တာဝန္ဝတၱရား ေႏွာက္ယွက္ခဲ့ေသာေၾကာင့္ ဥပေဒအရ အေရးယူေပးပါရန္ PSLF/TNLA ဗဟိုတရားရံုးသို႔ အမႈဖြင့္ တုိင္ၾကားခဲ့ပါသည္။”ဟု ေရးသားထားသည္ကို ေတြ႔ရသည္။

၎တို႔အဖြဲ႔ အေနျဖင့္ ေဒၚနန္းမိုဟြမ္အား အမႈစတင္ လက္ခံစစ္ေဆးမည္ျဖစ္ေၾကာင္းႏွင့္ စီရင္ခ်က္ခ်သည့္ ေန႔တြင္ ေဆြမ်ိဳးသားခ်င္းႏွင့္ အမ်ားျပည္သူေရွ႕ေမွာက္တြင္ စီရင္ဆံုးျဖတ္ခ်က္ခ်ႏုိင္ရန္ စီစဥ္ သြားမည္ဟုလည္း ေဖၚျပထားသည္ကို ေတြ႔ရသည္။

TNLA သည္ တစ္ႏုိင္ငံလံုး ပစ္ခတ္တုိက္ခိုက္မႈရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) တြင္ လက္မွတ္ေရးထိုးထားျခင္း မရိွသည့္ လက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - Thaung Htun



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက်တွင် နောင်မောင်ကုန်မာဆိုင်ဖွင့်ထားသည့် နေအိမ်၌် TNLA က လာရောက် ဖမ်းဆီးသွားသည့် အမျိုးသမီးကို ပြန်လွှတ်ပေးရန် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့က နမ့်ခမ်းမြို့ လွတ်လပ်ရေး ကျောက်တိုင်ကွင်းတွင် ဆန္ဒထုတ်ဖော်နကြေကြောင်း သိရသည်။

“ဆန္ဒဖော်ထုတ်နေတာကိုတော့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ ရယ်၊ မီးသတ်တပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့တွေရော လုံခြုံရေး ဆောင်ရွက်ပေးနေပါတယ်။ သူတို့လည်း အေးချမ်းစွာနဲ့ပဲ ဆန္ဒဖော်ထုတ်နေပါတယ်။ အဓိက ကတော့ ဖမ်းဆီးခံရသူကို ကောင်းကောင်းမွန်မွန် ပြန်လွှတ်ပေးဖို့ တောင်းဆိုနကြေတာပါ” ဟု နမ့်ခမ်းမြို့မရဲစခန်းမှ စခန်းမှူး ဒုတိယရဲမှူး မင်းတင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးခံရသူ အမျိုးသမီး၏ မိသားစုဝင်များက ဦးဆောင်၍ နမ့်ခမ်းမြို့လယ်ရှိ လွတ်လပ်ရေး ကျောက်တိုင်ရှေ့ ပန်ပွဲကွင်းတွင် နံနက် (၉) နာရီမှ (၁၁) နာရီအထိ ငြိမ်းချမ်းစွာ ဆိုင်းဘုတ်ကိုင်ဆောင် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

နမ့်ခမ်းမြို့မှ အသက်(၃၇)နှစ်အရွယ် ဒေါ်နန်းမိုဟွမ်ကို၎င်း၏ နေအိမ်တွင် နံနက်စာ စားနေစဉ် သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်း၌ TNLA ဝတ်စုံဝတ်ထားသည့် လက်နက်ကိုင်အဖွဲ့က ဝင်ရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကာ နေအိမ်ရှိ CCTV မှတ်တမ်းများ ဖျက်ဆီးကာ Hard disk လည်း ယူဆောင် သွားခဲ့သဖြင့် မိသားစုက ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် ပြည်သူတစ်ဦး၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သဖြင့် ရှုံ့ချ ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသည့် အမျိုးသမီးအား အမြန်ဆုံးပြန်လွှတ်ပေးရန် ဖမ်းဆီး သွားသူများအား တောင်းဆိုကြောင်းကို လူငယ်ကွန်ယက်(နမ့်ခမ်းမြို့)က သြဂုတ်လ (၁၉) ရက်နေ့တွင် ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဖမ်းဆီးခံရပြီး (၁၈)ရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာလ(၃)ရက်နေ့တွင် TNLA က အဆိုပါ အမျိုးသမီးအား၎င်းတို့ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဒေါ်နန်းမိုဟွမ်သည် PSLF/TNLA၏ လုပ်ငန်းတာဝန်ကို နှောင့်ယှက်သဖြင့် အရေးယူရန် ဖမ်းဆီးခြင်းဖြစ်ကြောင်းနှင့် စီရင်ချက်ချမည့်နေ့တွင် ဒေါ်နန်းမိုဟွမ်၏ ဆွေမျိုးသားချင်းနှင့် အများပြည်သူရှေ့မှောက်တွင် စီရင်ဆုံးဖြတ်သွားမည်ဟု သတင်းထုတ်ပြန်လာသည်ကို တွေ့ရသည်။

စက်တင်ဘာလ (၃)ရက်နေ့က လူမှုကွန်ယက်တွင် ဖော်ပြလာသည့် PSLF/TNLA သတင်းနှင့်ပြန်ကြားရေးက ဒေါ်နန်းမိုဟွမ်နှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန် ရှင်းလင်းချက်တွင် “PSLF/TNLA အကောက်ခွန် ဦးစီးဌာနမှ အကောက်ခွန်ဝန်ထမ်းများ လုပ်ငန်း တာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန် ထိခိုက်သေဆုံးသည် အထိ ဒေါ်နန်းမိုဟွမ်က တာဝန်ဝတ္တရား နှောက်ယှက်ခဲ့သောကြောင့် ဥပဒေအရ အရေးယူပေးပါရန် PSLF/TNLA ဗဟိုတရားရုံးသို့ အမှုဖွင့် တိုင်ကြားခဲ့ပါသည်။”ဟု ရေးသားထားသည်ကို တွေ့ရသည်။

၎င်းတို့အဖွဲ့ အနဖြေင့် ဒေါ်နန်းမိုဟွမ်အား အမှုစတင် လက်ခံစစ်ဆေးမည်ဖြစ်ကြောင်းနှင့် စီရင်ချက်ချသည့် နေ့တွင် ဆွေမျိုးသားချင်းနှင့် အများပြည်သူရှေ့မှောက်တွင် စီရင်ဆုံးဖြတ်ချက်ချနိုင်ရန် စီစဉ် သွားမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရသည်။

TNLA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - Thaung Htun 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~