အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်တွင်း စစ်ဘေးရှောင်နေရသူ တစ်သောင်းကျော်အထိ တိုးလာ

ကရင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များ
ကရင်ပြည်နယ်အတွင်းမှ စစ်ဘေးရှောင်များ
အာဏာသိမ်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်ပြည်နယ်တွင်း စစ်ဘေးရှောင်နေရသူ တစ်သောင်းကျော်အထိ တိုးလာ
By Tachileik News Agency

ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ ၅ နယ်မြေကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ ခုနှစ် မတ်လ (၂၇) ရက်နေ့ကတည်းက လေကြောင်းမှ တိုက်ခိုက်မှုများကြောင့်  ဧပြီလ (၅) ရက်နေ့အထိ စစ်ဘေးရှောင်နေရသူအရေအတွက်မှာ တစ်သောင်းကျော်အထိတိုးလာပြီဖြစ်ကောင်း KNU သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လေကြောင်းတိုက်ခိုက်ခံရသည့်ဒေသမှာ ထိုင်းနယ်စပ်နှင့်နီးသဖြင့် ထိုင်းနိုင်ငံတွင်း ထွက်ပြေးတိမ်းရှောင်ကြသည့် စစ်ဘေးရှောင်များကို ပြန်လည်နှင်ထုတ်လိုက်သဖြင့် နယ်စပ်အနီး တောထဲတွင် စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

 စစ်ဘေးရှောင်များမှာ လေကြောင်းတိုက်ခိုက်မှုမှ အကာအကွယ်ရရန် ဗုံးခိုကျင်းများတူး၍နေထိုင်ကြပြီး မိုးရွာလာပြီဖြစ်၍ အမိုးအကာ၊ ဆေးဝါးများလည်း လိုအပ်နေသည်ဟု သိရသည်။

Photo: ဒူးပလာယာခရိုင်