လားရႈိးၿမိဳ႕၏ တန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္ ႏို၀င္ဘာလ(၂၂)ရက္ေန႔အထိ က်င္းပမည္

လားရႈိးၿမိဳ႕၏ တန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္ ႏို၀င္ဘာလ(၂၂)ရက္ေန႔အထိ က်င္းပမည္
နိုဝင်ဘာ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕ တန္ေဆာင္တိုင္မီးပံုးပ်ံပြဲေတာ္ကို ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၀) ရက္ေန႔ ညေန (၅)နာရီတြင္ ခ်ယ္ရီၿမိဳင္အိမ္ယာဝင္းအတြင္း တုိင္းရင္းသားရိုးရာ အကမ်ားျဖင့္ ဖြင့္လွစ္ၿပီး ၿငိမ္းခ်မ္းေရးခိုျဖဴ မီးပံုးပ်ံ (၃)လံုး၊ စိန္နားပန္ (၂)လံုးႏွင့္ ညမီးႀကီး (၃)လံုးတို႔ လႊတ္တင္မည္ျဖစ္သည္။

တန္ေဆာင္တုိင္မီးပံုးပ်ံဖြင့္ပြဲသို႔ ေဒသမွ တာဝန္ရိွသူမ်ား တက္ေရာက္ၾကၿပီး ႏိုဝင္ဘာလ (၂၂) ရက္ေန႔အထိ က်င္းပသြားမည္ျဖစ္ေၾကာင္းႏွင့္ ယခုလို က်င္းပျခင္းသည္ လားရိႈးၿမိဳ႕၏ ဒုတိယေျမာက္ႏွစ္ အျဖစ္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  ေနၿဖိဳးျမင့္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့ ညနေ (၅)နာရီတွင် ချယ်ရီမြိုင်အိမ်ယာဝင်းအတွင်း တိုင်းရင်းသားရိုးရာ အကများဖြင့် ဖွင့်လှစ်ပြီး ငြိမ်းချမ်းရေးခိုဖြူ မီးပုံးပျံ (၃)လုံး၊ စိန်နားပန် (၂)လုံးနှင့် ညမီးကြီး (၃)လုံးတို့ လွှတ်တင်မည်ဖြစ်သည်။

တန်ဆောင်တိုင်မီးပုံးပျံဖွင့်ပွဲသို့ ဒေသမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နိုဝင်ဘာလ (၂၂) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ယခုလို ကျင်းပခြင်းသည် လားရှိုးမြို့၏ ဒုတိယမြောက်နှစ် အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~