တာချီလိတ်မြို့တွင် ဖမ်းဆီးခံရသည့် လူငယ်များ၏ facebook များမှ တဆင့် စစ်ဆေးတွေ့ရသည့် Facebook အကောင့်များကို မှတ်တမ်းရယူပြီး စုံစမ်း ဖော်ထုတ်နေ

တာချီလိတ်မြို့တွင် ဖမ်းဆီးခံရသည့် လူငယ်များ၏ facebook များမှ တဆင့် စစ်ဆေးတွေ့ရသည့် Facebook အကောင့်များကို မှတ်တမ်းရယူပြီး စုံစမ်း ဖော်ထုတ်နေ
မတ် 30, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်မှုများ လုပ်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသည့် လူငယ်များ၏ Facebook အကောင့်များကို စစ်ဆေးမှုများ ပြုလုပ်နေပြီး ဆက်စပ်သူများကိုလည်း မှတ်တမ်းများ ပြုလုပ်ကာ စုံစမ်းနေသည့်အပြင် တာချီလိတ်မြို့တွင်း အချို့နေရာများတွင် Facebook Profile ပုံများ ပြ၍ စုံစမ်းမှုများ ယနေ့ မတ်လ(၃၀)ရက်နေ့အထိ လုပ်ဆောင်နေကြောင်း သိရသည်။

"နေ့လည်က လူတစ်ယောက် facebook Profile တခုပြပြီး လာမေးတယ် သိလားဆိုပြီးတော့ပေါ့၊ ဘာအတွက်လဲလို့ မေးတော့ ဘာမှမပြောဘူး"ဟု ဝမ်ကောင်းရပ်ကွက်အတွင်းနေ အမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးရမိသည့် လူငယ်အချို့၏ Group Chat များတွင် ပါဝင်သူများ နှင့် တာချီလိတ်အမည်ပါသည့် အချို့ Facebook Group များတွင် ဆန္ဒပြပွဲအတွက် လှုံ့ဆော်ကာ ပိုစ့်တင်သူများနှင့် ကော်မန့် မန့်သူများ၏ အကောင့်များကိုပါ မှတ်တမ်းရယူထားကြောင်း  သိရသည်။

တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်မှုများ လုပ်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသည့် လူငယ် အများအပြားရှိနေပြီး စစ်ဆေးမှုများကို စစ်တပ်က အဓိက လုပ်ဆောင်နေကြောင်းလည်း သိရသည်။