တာချီလိတ်မြို့သို့ ပို့ဆောင်မည့် လက်ပစ်ဗုံးနှင့်ကျည်ဆံများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဖမ်းဆီးရမိ၍ တာချီလိတ်ဘက်က လက်ခံမည့်သူကို ဖမ်းမိရန် ချိတ်ဆက်နေ

တာချီလိတ်မြို့သို့ ပို့ဆောင်မည့် လက်ပစ်ဗုံးနှင့်ကျည်ဆံများကို ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် ဖမ်းဆီးရမိ၍ တာချီလိတ်ဘက်က လက်ခံမည့်သူကို ဖမ်းမိရန် ချိတ်ဆက်နေ

ထိုင်း - မြန်မာ နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှတစ်ဆင့် တာချီလိတ်သို့ပို့မည့် လက်ပစ်ဗုံးများနှင့် ကျည်ဆံများကို ၂၀၂၁ ခုနှစ် မတ်လ (၂၉) ရက်နေ့၌ စစ်ဆေးတွေ့ရသဖြင့် တာချီလိတ်ဘက်မှ လက်ခံမည့်သူအား မြန်မာဘက် နှင့် ချိတ်ဆက်၍  စုံစမ်းဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ချွန်ဘူရီမှ ပို့လာသည့် ပါဆယ်ထုပ်ကို မယ်ဆိုင်မြို့တွင် မသင်္ကာ၍ ဖွင့်ဖေါက်စစ်ဆေးရာ (5.56) ကျည် (၆၀၀၀)နှင့်  လက်ပစ်ဗုံး (၅၂)လုံးတို့ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ချွန်ဘူရီမှ နှစ်သုတ်ခွဲ၍ ပေးပို့လာသည့် ဂျပ်ပုံးများမှာ အလေးချိန်လေးလွန်းနေသဖြင့် မသင်္ကာ၍ ရဲတပ်ဖွဲ့ထံ အကြောင်းကြားပြီး ဖွင့်ဖောက် စစ်ဆေးရာမှ ကျည်ဆံနှင့် လက်ပစ်ဗုံးများဖြစ်နေသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပေးပို့သူနှင့် ပစ္စည်းလက်ခံမည့်သူ၏ အမည်များ၊ ဖုန်းနံပါတ်များ ပါဝင်နေသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းရာ မယ်ဆိုင်မှ  တာချီလိတ်ဘက်သို့ ပစ္စည်းပို့ခိုင်းသည့် ထိုင်းအမျိုးသားနှင့် တာချီလိတ်ဘက် ပစ္စည်းပို့သည့် ယာဉ်မောင်း ထိုင်းအမျိုးသား စုစုပေါင်း (၂)ဦးတို့အား လတ်တလော၌ ဖမ်းဆီးရမိထား၍ စစ်ဆေးနေပြီး တာချီလိတ်တွင် လက်ခံမည့်သူကိုလည်း ဖမ်းဆီးရမိရန်  ချိတ်ဆက်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo: MRG