ဓမ္မစကူးလ်ကျောင်းတော်-တာချီလိတ်(အထက)မှ ကျောင်းသား ကျောင်းသူ (၄၀၀)ကျော်ဖြင့် ကစားနည်း(၉)မျိုး ပါဝင်သည့် အားကစားပွဲတော် ကျင်းပမည်ဖြစ်၍ စတုဒိတာ အလှူရှင်များ လာရောက် လှူဒါန်းနိုင်

ဓမ္မစကူးလ်ကျောင်းတော်-တာချီလိတ်(အထက)မှ ကျောင်းသား ကျောင်းသူ (၄၀၀)ကျော်ဖြင့် ကစားနည်း(၉)မျိုး ပါဝင်သည့် အားကစားပွဲတော် ကျင်းပမည်ဖြစ်၍ စတုဒိတာ အလှူရှင်များ လာရောက် လှူဒါန်းနိုင်
ဇန်နဝါရီ 18, 2020
By Tachileik News Agency

ဓမ္မစကူးလ်ကျောင်းတော်-တာချီလိတ်(အထက)မှ ကျောင်းသား ကျောင်းသူ (၄၀၀)ကျော်ဖြင့် ကစားနည်း(၉)မျိုး ပါဝင်သည့် အားကစားပွဲတော် ကျင်းပမည်ဖြစ်၍ စတုဒိတာ အလှူရှင်များ လာရောက် လှူဒါန်းနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် ဖွင့်လှစ်ထားရှိသည့် ဓမ္မစကူးလ်ကျောင်းတော်မှ ကျောင်းသား ကျောင်းသူ ကလေးငယ်(၄၀၀)ကျော်ဖြင့် အားကစားနည်း (9)မျိုး ပါဝင်သည့် အားကစားပွဲတော် ကျင်းပမည်ဖြစ်၍ စတုဒိတာအလှူရှင်များအနေဖြင့် လာရောက်လှူဒါန်းနိုင်ကြောင်း သိရသည်။

လွန်ဆွဲပွဲ၊ လေပူဖောင်းဖောက် ကစားနည်း၊ ဓမ္မစကူးလ်ဝတ်စုံ အမြန်ဝတ်ကစားနည်း၊ ထိုင်ခုံလု ကစားနည်း၊ခြေ၊ လက် မှန်​အောင်ထောက်ကစားနည်း၊ အအေးပိုက်အား နာခေါင်းဖြင့် သယ်ယူကစားနည်း၊ ဂျူံမုန့်အား ဇွန်းဖြင့်ပါးစပ်ကိုက်၍ လက်ဆင့်ကမ်းသယ်ကစားနည်း၊ အာလူးကောက်၊ အဝိုင်းလိုက် လက်ချင်းချိတ် နှင့်ဘောလုံးသယ်ယူ ကစားနည်းများ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် ကျင်းပမည်ဖြစ်ပြီး ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၁၉)ရက် တနင်္ဂနွေနေ့ နံနက်(၈)နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ကလေးငယ် အယောက်(၄၀၀)အား စတုဒိတာများဖြင့် ကျွေးမွေးလှူဒါန်း လိုပါက ဓမ္မစကူးလ်ကျောင်းတော်-တာချီလိတ်(အထက)၏ အလုပ်အမှုဆောင်များဖြစ်သည့် ဦးကျော်သီဟ ဖုန်း ၀၉ ၂၆၅ ၂၃၃ ၉၄၀၊ ဦးစိုင်းကျော်ရှဲန် ဖုန်း ၀၉ ၂၅၀ ၇၈၀ ၇၂၅ နှင့် ဦးနေဦး ဖုန်း ၀၉ ၂၅၀ ၂၅၀ ၇၃၅ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~