ကျိုင်းတုံစည်ပင်မှ အငြိမ်းစားဝန်ထမ်းများကို ပထမဆုံးအကြိမ် နှစ်သစ်ဂါဝရပြု ကျန်းမာရေးစရိတ်ထောက်ပံ့ပေးအပ်ရာ အသက်(၁၀၆)နှစ်အရွယ် စည်ပင်အငြိမ်းစား ဝန်ထမ်းတစ်ဦး ပါဝင်

ကျိုင်းတုံစည်ပင်မှ အငြိမ်းစားဝန်ထမ်းများကို ပထမဆုံးအကြိမ် နှစ်သစ်ဂါဝရပြု ကျန်းမာရေးစရိတ်ထောက်ပံ့ပေးအပ်ရာ အသက်(၁၀၆)နှစ်အရွယ် စည်ပင်အငြိမ်းစား ဝန်ထမ်းတစ်ဦး ပါဝင်
ဇန်နဝါရီ 12, 2020
By Tachileik News Agency
ကျိုင်းတုံစည်ပင်မှ အငြိမ်းစားဝန်ထမ်းများကို ပထမဆုံးအကြိမ် နှစ်သစ်ဂါဝရပြု ကျန်းမာရေးစရိတ်ထောက်ပံ့ပေးအပ်ရာ အသက်(၁၀၆)နှစ်အရွယ် စည်ပင်အငြိမ်းစား ဝန်ထမ်းတစ်ဦး ပါဝင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနတွင် တာဝန်ထမ်းဆောင်ပြီး သက်ပြည့်နှင့် နာမကျန်း ပင်စင်ယူသွားကြသည့် အငြိမ်းစားဝန်ထမ်းများကို  ပထမဆုံးအကြိမ်အဖြစ် နှစ်သစ်ဂါရဝပြုရာ အသက်(၁၀၆)ကျော် အငြိမ်းစားဝန်ထမ်းတစ်ဦး ပါဝင်သည်။

“ စည်ပင်ကနေ တာဝန်ထမ်းဆောင်ခဲ့ကြပြီး သက်ပြည့်ပင်စင်တွေအပြင် နာမကျန်းပင်စင် အပါအဝင်ပေါ့ ပင်စင်ယူသွားကြပြီဖြစ်တဲ့ ဝန်ထမ်းတွေကို နှစ်သစ်ဂါဝရပြု ဆေးဝါးနဲ့ ကျန်းမာရေးစရိတ် စုပေါင်းထောက်ပံ့တာ လုပ်တာပါ။ ဒီမှာ အသက်အကြီးဆုံးဆိုရင် (၁၀၆) နှစ်ရှိပြီဖြစ်တဲ့ အဖိုး ဦးခမ်းရှဲန်လည်းပါတယ်။ ဒါက ပထမဆုံးအကြိမ် စလုပ်တာပါ” ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနတွင် တာဝန်ထမ်းဆောင်သွားပြီး သက်ပြည့်အငြိမ်းစားယူခဲ့သည့် အသက် ( ၁၀၆ ) နှစ်အရွယ် ယခင်က " မြူရဲ " ဟုခေါ်ကြသည့် ဦးခမ်းရှဲန် အပါအဝင် သက်ရှိထင်ရှားရှိ စည်ပင်ဝန်ထမ်းဟောင်းများအား စည်ပင်သာယာရေးဌာနဝန်ထမ်း စုစုပေါင်း (၁၂)ဦးကို နှစ်သစ်ဂါရဝပြု ဆေးဝါးနှင့် ကျန်းမာရေးစရိတ်များ စုပေါင်းထောက်ပံ့လှူဒါန်းခဲ့ကြခြင်း အစီအစဉ်ကို ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနရုံးတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁၀)ရက်နေ့ ညနေ(၃)နာရီက ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~